
အသက်၂၂နှစ်အရွယ်James Holt ဟာ ခွဲစိပ်ပြုပြင်မှုကို ၁၇နှစ်အရွယ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး ခွဲစိတ်ခံရတာကိုလည်း အရမ်းကြိုက်နှစ်သက်ကြောင်းသိရပါတယ်။ သူရဲ့နှုတ်ခမ်းအပါအဝင် အခြားခွဲစိတ်မှုပေါင်းများစွာလုပ်ခဲ့ပြီး သူအားကျရတဲ့Kim Kardashianနဲ့ တူအောင်လုပ်ခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ နှုတ်ခမ်းတွေခွဲစိတ်မှုအပြီးမှာ အရမ်းကိုကြည့်လို့ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ရက်သတ္တပတ်အနည်းငယ်အကြာမှာ ပြန်လည်တွဲကျသွားခဲ့ပါတယ်။ဒါ့ကြောင့် နောက်တစ်ခါခွဲစိတ်ခံပါအုံးမယ်။ အခြားလုပ်ချင်တာတွေလည်း အများကြီးရှိပါသေးတယ်။”လို့ဆိုခဲ့ပါတယ်။

Buryက ITဝန်ထမ်းဖြစ်တဲ့ James ဟာ Kimနဲ့ တူချင်နေသူဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်ကိုလည်း ပြုပြင်သွားအုံး မှာ ဖြစ်ပါတယ်။ “ကျွန်တော် Kardashians”တွေကို အရမ်းချစ်ပါတယ်။ သူတို့က အရမ်းလှပတဲ့ ခန္ဓာကိုယ်အချိုးအစားရှိကြတယ်လေ။ တင်ကြီးကြီး ခါးသေးသေးတွေနဲ့ အရမ်းကိုစွဲဆောင်မှုရှိပါတယ်”လို့လည်း ဆိုခဲ့ပါတယ်။” Credit : Shwemom
comment