1. Home
  2. Myanmar News

တစ်ဆယ့်နှစ်ဘီးကားပေါ်မှာ လိင်ဖျော်ဖြေနေသည့် အမျိုးသမီးတစ်ဦး ရက်တစ်ရာ စီမံချက်နဲ့ ပက်ပင်းတိုး

Myanmar News พ.ค. 16, 2559 view 1,533

ပြည်သူ့ဘ၀လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရက်တစ်ရာ စီမံချက်များချမှတ်ကာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို၊ မုံရွာနယ်မြေရဲစခန်းက ဆောင်ရွက်လျက်ရှိရာ မေ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် ညောင်ကိုင်းအင်းနှင့် သံလမ်းအကြားရှိ ဖောက်လုပ်ဆဲ ပြည်ထောင်စု အမှတ်(၂) လမ်းကြီးပေါ်တွင် မသင်္ကာဖွယ်ရာ ရပ်တန့်ထားသည့် တစ်ဆယ့်နှစ်ဘီးကား တစ်စီးအား လှည့်ကင်းအဖွဲ့က တာဝန်အရ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် အဆိုပါကား၏ နောက်ခန်း ကုန်တင်နေရာပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ လိင်ဖျော်ဖြေလျက်ရှိနေကြောင်း ကင်းအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် လှည့်ကင်းအဖွဲ့မှ စစ်ဆေးမေးမြန်းကြည့်ရာ လိင်ဖျော်ဖြေလျက်ရှိသော အမျိုးသားတစ်ဦးက ၎င်းနှင့် ပျော်ပါးလျက်ရှိသော အမျိုးသမီးမှာ လိင်ပျော်ပါးရန်အတွက် ငွေကျပ် သုံးသောင်းခွဲပေး၍ စက်မှုဇုန် ကမ်ပတ်လမ်းတစ်နေရာမှ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ လိင်ပျော်ပါးလျက်ရှိသော အမျိုးသားမှာ ၎င်းယာဉ်၏ ယာဉ်မောင်းဖြစ်ပြီး လိင်ပေဖျာ်ပါးရန်အတွက် ငွေကြေးလက်ခံခဲ့သူနှင့် နေအိမ်ရှိရာ အရပ်သို့ လှည့်ကင်းအဖွဲ့အား လိုက်လံပြသခဲ့ရာ ၎င်း၏ ပြဆိုချက်များအရ လှည့်ကင်းအဖွဲ့မှ စစ်ဆေးမေးမြန်းခဲ့သည်။ ထို့နောက် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့က လိင်ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်သူနှင့် လိင်ပျော်ပါးသူ အမျိုးသမီးတို့ကို အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

`` ဆင်းရဲနွမ်းပါးမှု ဖြစ်စေနိုင်တဲ့ ပြသနာရဲ့ အရင်းအမြစ်တွေထဲမှာ လိင်ဖျော်ဖြေရေး ကိစ္စတွေ ပါဝင်နေပါတယ် .. အဲ့ဒါကြောင့် ပြည့်တန်ဆာနှိပ်ကွက်ရေး ဥပဒေများ ပြဌာန်ထားပြီး အဲ့ဒီ ဥပဒေများအရ အရေးယူတာပါ...´´ ဟု သတင်းမီဒီယာများကို မုံရွာ နယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်က ပြောသည်။ အဆိုပါ ရက်တစ်ရာ စီမံချက်သည်နိုင်ငံသားများ ဆင်းရဲနွမ်းပါးမှုဘေးဒဏ်မှ ကင်းဝေးစေရန်နှင့် တရားဥပဒေစိုးမိုးမှုရှိစေရန်အတွက် ၂၀၁၅ လူထုအစိုးရမှ ရည်ရွယ်၍ လောင်းကစားများ၊ လိုင်စင်မဲ့ အရက်ဆိုင်များ၊ ပြည့်တန်ဆာများ၊ မူယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားသော ဥပဒေမဲ့ ကိစ္စရပ်များကို ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မေ ၁၃ ရက်မနက်က ကျင်းပပြုလုပ်သည့် ရက်တစ်ရာ စိမံချက်အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသွားကြောင်း သိရှိရသည်။

Credit : thithtoolwin.com



Follow us on