1. Home
  2. Special or Others

သခင်မကို ကာကွယ်ရင်း သုံးချက်တိုင်တိုင် မြွေပေါက်ခံရတဲ့ ခွေးငယ်

Special or Others พ.ค. 16, 2559 view 1,651

သခင်မလေးကို ခလောက်မြွေရန်က ကာကွယ်ပေးရင်းနဲ့ သုံးချက်တိုင်တိုင် မြွေပေါက်ခံရတဲ့ ခွေးငယ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပါပြီ။ ဟက်စ်လို့ အမည်ရတဲ့ ၂ နှစ် အရွယ် သိုးထိန်းခွေးငယ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ၇ နှစ်အရွယ် သခင်မ မိုလီဒီလူကာနဲ့အတူ ခြံထဲမှာ ဆော့ကစားနေတုန်း ခလောက်မြွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဟက်စ်ဟာ သူ့သခင်မလေးနဲ့ မြွေကြားကို ခုန်ဝင်ခဲ့ပြီး မြွေဆိုးအန္တရာယ်ကို ရင်ဆိုင်ခဲ့ပါတယ်။

ဒီအတွက် သုံးချက် မြွေပေါက်ခံရပြီး ကျောက်ကပ် အဆိပ်သင့်ခဲ့ပါတယ်။ မြွေပေါက်ခံရတဲ့ ဟက်စ်ကို ဒေါ်လာထောင်ချီ ကုန်ကျတဲ့ မြွေဆိပ်ဖြေဆေးတွေ ဆက်တိုက်ထိုးပေးခဲ့ရပြီး ဟက်စ်ရဲ့ ရဲစွမ်းသတ္တိကို သဘောကျတဲ့ ကမ္ဘာတစ်လွှားက လူတွေကလည်း ဟက်စ်ရဲ့ ဆေးကုစရိတ်အတွက် GoFundMe ၀က်ဘ်ဆိုက်ကတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၄၃၀၀ လှူဒါန်းခဲ့ကြပါတယ်။ မိုလီဒီလူကာတို့ မိသားစုဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဟက်စ်ကို တိရစ္ဆာန်ကယ်ဆယ်ရေး စင်တာကနေ ခေါ်ယူကျွေးမွေးခဲ့တာပါ။

မိုလီဒီလူကာ၏မိခင်က ''ဟက်စ်ကို ကျွန်မ အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မ သမီးသာ မြွေပေါက်ခံရရင် ဆိုတာမျိုးတွေးဖို့ကြောက်ရွံ့နေတုန်းပါပဲ။ သူသာ မြွေ ပေါက်ခံရရင် အသက်ရှင်ပါ့မလားဆိုတာ ကျွန်မ မတွေးတတ်ပါဘူး''လို့ ပြောပါတယ်။ ဒီဖြစ်ရပ်က အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။

Credit : Yoyarlay



Follow us on