Katy Perry နဲ့ orlando bloom တို့ရဲ့ အချစ်ရေးဟာ တဖြည်းဖြည်း ပိုမိုခိုင်မာလာပြီး ဟောလိဝုဒ်ရဲ့ ချစ်စရာအကောင်းဆုံး စုံတွဲတွေထဲက တစ်တွဲ ဖြစ်လာခဲ့ပြီးမှ အခုလို မြင်တွေ့လိုက်ရတာပါ။ selena နဲ့ orlando bloom တို့ဟာ လက်စ်ဗီးဂတ်စ်မြို့ Sin City က Casino's Light နိုက်ကလပ်မှာ 7 ရက်နေ့က အတူရှိနေခဲ့တာပါ။
အသက် ၃၉ နှစ်အရွယ် မင်းသား orlando bloom နဲ့ Selena တို့နဲ့အတူ တခြားသူငယ်ချင်းတွေလည်း အတူရှိနေပါတယ်။ ဓာတ်ပုံတွေထဲမှာတော့ orlando bloom က Selena ကို ပွေ့ဖက်ထားပြီး Selena က သူ့ရင်ခွင်ထဲမှာ မှီနွဲ့နေပါတယ်။ ပိုဆိုးတာက သူတို့နှစ်ယောက်ရဲ့ မျက်နှာက လိုအပ်တာထက် ပိုနီးကပ်လွန်းနေတာပါပဲ။
သဲသဲကွဲကွဲ မမြင်ရတဲ့ ဒီဓာတ်ပုံတွေထဲမှာ သူတို့နှစ်ယောက်ကြည့်ရတာ ပွေ့ဖက်နမ်းရှုံ့နေဟန် ဖြစ်နေပါတယ်။ ဒီသတင်းကို Katy Perry ကြားရင် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ မသိပါဘူး။ Credit :Duwun