1. Home
  2. Movie Stars - Celebrity

နာမည်ကြီးအဆိုတော်တစ်ယောက်နဲ့ ဇာတ်ကားရိုက်မယ့် Patricia

Movie Stars - Celebrity พ.ค. 17, 2559 view 1,583

မော်ဒယ်သရုပ်ဆောင် Patricia ကတော့ ဒီနှစ်ထဲမှာ နာမည်ကြီးအဆိုတော် တစ်ယောက်ရဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားကြီးက ပရိသတ်တွေအတွက် ထူးထူးခြားခြားလေး ဖြစ်စေမယ့် ဇာတ်ကားတစ်ကားဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။

"ဇာတ်လမ်းပုံစံကိုတော့ အခုမပြောပြချင်သေးဘူး။ ရိုက်ကူးတဲ့ အချိန်ကျရင်တော့ ပြောပြမှာပါ။ ဒီဇာတ်ကားကြီးနဲ့ ဆိုရင် ရုံတင်ကားကြီးအားလုံး (၅) ကားရှိပါပြီ" လို့ သူမက ဆိုပါတယ။ မကြာသေးမီက ရိုက်ကူးထားတဲ့ " ရင်ခုန်သံ ရစ်သမ်"ဆိုတဲ့ ဇာတ်ကားထဲမှာ ပရိသတ်တွေမြင်တွေ့နေကျ ပုံစံမဟုတ်ဘဲ ထူးထူးခြားခြားဇာတ်ကောင် အနေနဲ့ ပါဝင်ထားသလို သူမကိုယ်တိုင်လည်း အဲ့ဒီဇာတ်ကောင်အတွက် ရင်ခုန်နေတယ်လို့ ဆိုပါတယ်။Credit: Duwun



Follow us on