
၁၄.၅.၂၀၁၆ ရက်နေ့ ၁၆၁၀ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ဗဟိုလမ်းဘေး၊ ကိုးထပ်ကြီးဘုရားဝင်း၊ မင်္ဂလာဇေယျုံကျောင်း တိုက်ရှေ့တွင် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ အဆိုပါနေရာတွင် အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးမှာ ၀ဲလက်မောင်းတွင် တစ်ခါသုံးဆေးထိုးအပ်တပ်ကာ မှောက်လျက်သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။
၎င်းသေဆုံးမှုနှင်ပတ်သက်၍ စမ်းချောင်းမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၆) ဖြင့်ရေးဖွင့် ကာ စုံစမ်းစစ်ဆေးဆောင်ရွက်လျက် ရှိပါသည်။ သေဆုံးသူအမျိုးသားမှာ ဓါတ်ပုံတွင်ဖော်ပြထားသူဖြစ်ပြီး အရပ်၅ပေ၆လက်မခန့် ရှိသူဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းသေဆုံးသူအမျိုးသားမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူများမှလည်း သေဆုံးသူနှင့် ပတ်သက်၍ တစ်စုံတစ်ရာသိရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ကူညီနိုင်ပါရန်ဖော်ပြအပ်ပါသည်---
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၃၇၆၁၆၆
စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၅၃၅၉၀၅
စမ်းချောင်းမြို့မရဲစခန်း - ၀၁ ၅၃၅၁၈၄
Credit : thithtoolwin.com
comment