1. Home
  2. Movie Stars - Celebrity

မေလ နောက်ဆုံးပတ် ရုံတင်မည် ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား

Movie Stars - Celebrity พ.ค. 17, 2559 view 1,591

အနုပညာ အလုပ်များ နဲ့ ရှစ်နှစ်ကြာ ကင်းကွာနေတဲ့ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဌ အကယ်ဒမီ ဦးကျော်သူရဲ့ ပထမဆုံး ပြန်လည် ရိုက်ကူးတဲ့ ဇာတ်ကား ပရော် ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား မိတ်ဆက်ပြသပွဲကို မေလ ၁၅ရက်နေ့မှာ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ် ခဲ့ပါတယ်။

ဒါရိုက်တာ ခင်စောမျိုး ဖြစ်ပြီး ဆရာမင်းသိင်္ခ ရဲ့ နာမည် ကျော် ဝတ္တု ကို ပြန်လည် အသက်သွင်း ထားတာ ဖြစ်ပါတယ်။ အလှမယ် မေမြတ်နိုး ရဲ့ ပထမဆုံး ရိုက်ကူးတဲ့ ရုပ်ရှင် လည်းဖြစ်ပြီး၊ ရန်အောင်၊ ရဲအောင်၊ မင်းဦး၊ စံရတီ မိုးမြင့် စတဲ့ နာမည် ကြီး ဝါရင့် သရုပ်ဆောင် တွေ အများကြီး ပါဝင် ထားတာ ဖြစ်ကြောင်း သိရပါတယ် ။ လာမယ့် မေလ 26 ရက်နေ့မှာရုံတင်ပြသသွားမှာ ဖြစ်ပါတယ်လို့လဲ သိရပါတယ်။ Cedit :Sunday Journal



Follow us on