1. Home
  2. Myanmar News

ဖခင်ဖြစ်သူက သမီးဖြစ်သူအား ကတ်ကြေးဖြင့် ထိုးသတ်မှု့ ဖြစ်ပွား

Myanmar News พ.ค. 18, 2559 view 1,597

ဖခင်အရင်းဖြစ်သူကနေ သမီးဖြစ်သူကို ကတ်ကြေးနဲ့ ထိုးသတ်မှု တစ်ခု သာကေတမြို့နယ်၊ ၃ ရပ်ကွက်၊ မာန်ပြေလမ်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မနက် ၁၀နာရီလောက်မှာ အသက်(၅၄)နှစ် အရွယ်ဖခင်ဖြစ်က သေဆုံးခဲ့သူ သမီးအကြီးနဲ့ စကားများရန်ဖြစ်တာကနေ ပန်းညှပ်တဲ့ ကပ်ကြေးနဲ့ ထိုးသတ်ခဲ့တာလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနန်းဆွေ ကပြောပါတယ်။

ကတ်ကြေးနဲ့ အထိုးခံရတဲ့ မယဉ်ယဉ်ထွန်း(၃၀)နှစ်က ဆီးစပ်မှာ ဒဏ်ရာရခဲ့ပြီး ရပ်ကွက်နေပြည်သူတွေက ဆေးရုံကိုပို့နေတုန်းမှာ ရရှိထားတဲ့ ဒဏ်ရာနဲ့လမ်းမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သမီးအရင်းကို ကတ်ကြေးနဲ့ ထိုးသတ်ခဲ့သူ ထွန်းနိုင်(၅၄)နှစ်ကို သာကေတမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

Credit : thithtoolwin.com



Follow us on