1. Home
  2. Woman To Woman

အသားရောင်နဲ့ လိုက်ဖက်မယ့် နှုတ်ခမ်းနီကို ရွေးချယ် ပေးနိုင်မယ့် flawless application

Woman To Woman พ.ค. 18, 2559 view 1,604

ကိုယ်လိုချင်တဲ့ နှုတ်ခမ်းနီ အရောင်ကို ရှာဖွေ ဖော်ထုတ်ပေးမယ့် Flawless application ဟာ လိုချင်တဲ့ အရောင်ကို application နဲ့ ဖော် ထုတ်ပေးမှာ ဖြစ်ပါတယ်။တနေရာ ရာသွားဖို့ နှုတ်ခန်းနီ လိုအပ်တဲ့ အခါရွေးချယ်ဖို့ နည်းလမ်း ၂ခု ရှိပါတယ်။ တခုကတော့ လိုချင်တဲ့ အရောင်ကို မှတ်ထားရမှာဖြစ်ပါတယ်။ ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီးမှတ်ထားဖို့ဖြစ်ပါတယ်။ Flawless makeup လို့ ခေါ်တဲ့ Iphone application နောက်တစ်မျိုးလဲ ရှိပါသေးတယ် ။

itune app မှာအခမဲ့ ဒေါင်းလို့ ရပါတယ်။ application တီထွင်သူ က တော့ အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ သူ ဟာ ဒီ application ကို သူ့ ချစ်သူ အတွက်ရည်ရွယ်ပြီး တီထွင်လိုက်တာ ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့အရောင်ကို ရှာမတွေ့တဲ့ ချစ်သူကောင်မလေးကြောင့် အကြံရခဲ့တာလဲ ဖြစ်ပါတယ်။

application အသုံးပြုပုံကတော့ ကိုယ်ကြိုက်တဲ့ အရောင် ပတ်ဝန်းကျင်မှာရှိနေတဲ့ အရောင်တွေ နံရံ တွေမှာ ၊ ကားမှာဖြစ်ဖြစ် ကြိုက်တဲ့အရောင်ကို ဓာတ်ပုံရိုက်ယူထားရမှာ ဖြစ်ပါတယ်။ ရိုက်ထားတဲ့ အရောင်ကို flawless application က အနီးစပ်ဆုံးလိုက်ဖက်မယ့်အရောင်ကို ဖော်ပြပေးသွားမှာပါ ။

application တီထင်သူက make up နဲ့ ဆိုင်တဲ့ application ကိုလဲ ဆက်လက်ထင်သွားအုံးမှာ ပါလို့ လဲ ပြောကြားထားပါတယ်။ application အသုံးပြုရတာ ကြိုက်နှစ်သက်သူတွေ အတွက်ကတော့ သတင်းကောင်းပါ ။ဒီ application ကို IOS အတွက်ပဲ တီထွင်ထားတာ ဖြစ်ပြီး Flawless Makeup application ကို android တွေမှာပါ အသုံးပြုလို့ရအောင် ပြုလုပ်သွားမှာပါ။



Follow us on