Selena Gomez နဲ့ orlando bloom တို့ နိုက်ကလပ်တစ်ခုမှာ လိုအပ်တာထက် ပိုပြီး ရင်းနှီးခဲ့ကြတဲ့ ဓာတ်ပုံတွေ ထွက်ရှိလာပေမဲ့ Katy Perry ကတော့ သူ့ချစ်သူ မင်းသား orlando bloom ဘက်က မားမားမတ်မတ် ရှိနေပုံပါပဲ။ "အဓိပ္ပာယ်မရှိတဲ့ ကြံစည်မှုကို စိတ်ဝင်စား နေမယ့်အစား ဒါဘယ်လောက်မိုက်လဲ ကြည့်လိုက်" ဆိုတဲ့ စာနဲ့အတူ ယူကရိန်းမှာ orlando bloom ပရဟိတလုပ်တဲ့အကြောင်းကို ရေးထားတဲ့ Time က ဆောင်းပါးတစ်ပုဒ်ကို Katy Perry က တွစ်တာကနေ မျှဝေခဲ့ပါတယ်။ အဲဒီပို့စ်ကို ချီးကျူးဂုဏ်ပြုတဲ့ရုပ်ပုံ emoji လေးနဲ့ Selena က ပြန်လည် မျှဝေခဲ့ပြန်ပါတယ်။ Selena နဲ့ Katy တို့ရဲ့ ဆက်ဆံရေးကလည်း အရင်လိုပဲ ကောင်းမွန်နေဆဲလို့ ထင်မိပါတယ် ။ Credit: Duwun