1. Home
  2. Special or Others

ရန်ကုန်မြို့သို့ ရုရှားရေတပ် ဖျက်စစ်ရေယာဉ် ၃ စီး ချစ်ကြည်ရေးခရီးလာရောက်မည်

Special or Others พ.ค. 19, 2559 view 1,665

ရုရှားရေတပ်မှ ဖျက်စစ်ရေယာဉ် အဒ်မရယ် ဗင်နိုဂရာဒေါ့ဗ် Admiral Vinogradov အပါအဝင် စစ်ရေယာဉ် ၃ စီး ရန်ကုန်မြို့ဆီ ဒုတိယအကြိမ် ချစ်ကြည်ရေးခရီး လာရောက်မယ်လို့ Myanmar NAVY ရဲ့ လူမှုကွန်ရက် ဖေ့ဘွခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီးဖြစ်တဲ့ ဖျက်စစ်သဘောင်္နဲ့အတူ ပင်လယ်ပြင် ကယ်ဆယ်ရေးသင်္ဘောတစင်း၊ ထောက်ပံ့ပို့ဆောင်ရေး ဆီသယ်ရေယာဉ်တစင်း စုစုပေါင်း သုံးစီးဟာ မေလ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ချစ်ကြည်ရေးခရီး လာရောက်မယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံရေတပ်ချင်းချင်း အပြန်အလှန် လေ့လာရေး၊ မြို့တွင်းလေ့လာရေး၊ အပြန်အလှန် ညစာစားပွဲ၊ ချစ်ကြည်ရေး အားကစား အစီအစဉ်တွေ အပြင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်အား တွေ့ဆုံနှုတ်ဆက်ခြင်း၊ ရုရှားသံရုံးက စီစဉ်တဲ့ အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းတွေ/ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသူ/သားတွေက ရုရှား စစ်ရေယာဉ်တွေကို လေ့လာခြင်းအစီအစဉ်တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ရုရှားစစ်သင်္ဘောတွေရဲ့ အခုခရီးစဉ်ဟာ ပြည်ထောင်စုလွှတ်တော်က မေလ ၁၀ ရက်နေ့မှာ အတည်ပြုပေးခဲ့တဲ့ ရုရှား-မြန်မာ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် အတွက်သာမက နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုအတွက်လည်း မှတ်တိုင်တခုဖြစ်လာမယ် လို့လည်း ရေးသားထားပါတယ်။

Credit : burmese.dvb.no



Follow us on