1. Home
  2. Myanmar News

ဧဝရက် တောင်ထိပ်ပေါ်ကို ဒီကနေ့ ရောက်ရှိမည့် မြန်မာတောင်တက်သမား (၂) ဦး

Myanmar News พ.ค. 19, 2559 view 1,644
 မြန်မာတောင်တက်အဖွဲ့ ၀င်နှစ်ဦးသည် သေမင်းတမန်ဇုန် ဟု သတ်မှတ်ထားသည့် အမြင့် ပေ ၂၆,၀၈၅ ရှိ တောင်တက်စခန်း အမှတ်(၄)သို့ ရောက်ရှိခဲ့ပြီး မေလ ၁၉ ရက် နံနက်တွင် တောင်ထိပ်သို့ ရောက်ရှိမည်ဟု သတင်းရရှိသည်။
 
 
မြန်မာတောင်တက်အဖွဲ့ဝင် များမှ ကိုပြည့်ဖြိုးအောင်သည် တောင်တက်စခန်း အမှတ်(၄)သို့ မေ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ပြီး ကိုဝင်းကိုကိုသည် မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိခဲ့ကြောင်း ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။
 
ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်မှာ အမြင့် ၂၉,၀၂၉ ပေရှိရာ မြန်မာတောင်တက်အဖွဲ့ ရောက်ရှိနေသော တောင်တက် စခန်း အမှတ်(၄)မှာ ၂၆,၀၈၅ ပေ ရှိသဖြင့် တောင်တက်သမားများ တောင်ထိပ်ရောက်ရှိရန် ၂,၉၄၄ ပေသာ လိုတော့သည်။ ယင်းအတွက် မြန်မာတောင်တက်အဖွဲ့ဝင် နှစ်ဦးသည် တောင်ထိပ်သို့ ရောက်ရှိပါက ဧ၀ရက်တောင်သို့ ပထမဆုံး တက်ရောက်နိုင်သည့် မြန်မာနိုင်ငံသားများအဖြစ် မှတ်တမ်းဝင်တော့မည်ဖြစ်သည်။
 
တောင်တက်စခန်း အမှတ် (၄)တွင် အောက်ဆီဂျင်နည်း၍ မြန်မာတောင်တက်အဖွဲ့ဝင်များသည် အောက်ဆီဂျင်အသုံးပြုကာတက်ရောက်ပြီး တောင်တက်သမားနှစ်ဦး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသည်။
 
တောင်၏ ရာသီဥတု၊ အပူချိန်နှင့် လေတိုက်နှုန်းများမှာ ကောင်းမွန်နေပြီး မြန်မာတောင်တက်သမားများအနေဖြင့် မေလ ၁၈ ရက် ညမှာပင် တောင်ထိပ်သို့ တက်ရောက်နိုင်ဖွယ်ရှိသည်။
 
Credit : 7 Days Daily


Follow us on