1. Home
  2. Myanmar News

မိုးရွာတဲ့ ပထမဆုံးနေ့ မှာ ပရိသတ်တွေကို လက်ဆောင် ပေးမယ့် နန်းဆုရတီစိုး

Myanmar News พ.ค. 19, 2559 view 1,631
တတိယ တစ်ကိုယ်တော် အခွေကို EDM  မြူးဇစ်နဲ့လုပ်ဖို့ စီစဉ်နေတဲ့ နန်းဆုရတီစိုး က မိုးသီချင်းကို EDM နဲ့ သီဆို ရိုက်ကူး ထားတဲ့ သီချင်း တစ်ပုဒ်ကို ရန်ကုန်မှာ မိုးရွာ တဲ့ ပထမဆုံးနေ့ မှာ ပရိသတ်တွေ ကို လက်ဆောင်ပေးတဲ့ အနေနဲ့ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ တင်ပေး သွား မှာဖြစ်ကြောင်း ပြောပါတယ်။
 
မိုးသီချင်း သီဆိုဖြစ်ပုံ နဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးက..
 
“မိုးသီချင်းကို New Version အနေနဲ့ Music Arrange လုပ်ပေး ထားတာက သားသား လုပ်ပေးထားတာပါ။ ဒီမိုး သီချင်း ကို ငယ်ငယ် ကတည်းက နန်းဆု တအားကြိုက် တယ်။ ဟိုးငယ် ငယ်လေး ကတည်းက အမေ နဲ့အဒေါ်က ညဘက်အိပ် လို့ ရှိရင် အဲဒီ သီချင်း တစ်ပုဒ် တည်း နဲ့ သိပ်တယ်။ အိပ်တဲ့အချိန် မှာပဲဖြစ် ဖြစ်၊ အမေနဲ့ အဒေါ်ကို သတိရတဲ့ အချိန်ပဲဖြစ်ဖြစ်၊ ဘယ်လို အချိန်ပဲ ဖြစ်ဖြစ် အမြဲ သတိ ရနေတဲ့ သီချင်း တစ်ပုဒ်ပါ။ နန်းဆုဘဝ နဲ့ တော်တော်ကြီး သက်ဆိုင်တယ်။ မိုးရာသီကို လည်း တော်တော် သဘော ကျတယ်။ ကိုယ့် ဘဝရဲ့ အမှတ်တရ တော်တော် များများ ကလည်း မိုးရေထဲ မှာများခဲ့ တယ်။ တအားပျော်တဲ့ အချိန်တွေ မှာလည်း ဒီသီချင်းကို ညည်းဖြစ် တယ်။ ဒါကြောင့် New Version ပြန်လုပ်ချင်တဲ့ ဆန္ဒဖြစ်လာတယ်။ မကြာခင် မိုးတွင်းလည်း ရောက်လာ တော့မယ်။ မိုးကိုလည်း ကြိုဆိုရင်း နဲ့ အခု ရာသီဥတုက တအား ပူနေတော့ လူတိုင်းက မိုးကို မျှော်နေကြတယ်။ ဒါကြောင့် ဒီသီချင်းလေးကို ဖန်တီး ပြီး နန်းဆု ရဲ့ပရိသတ်တွေ ပျော်သွား အောင် လက်ဆောင် ပေးချင်တာပါ” လို့ပြောပါတယ်။
 
နန်းဆုရတီစိုး က မိုးသီချင်းကို အက အဖွဲ့တွေ နဲ့အတူ Water Boom ကစားကွင်းမှာ သွားရောက် ရိုက်ကူးခဲ့တာဖြစ်ပြီး ဝင်းသူရလှိုင် က ဒါရိုက်တာ အဖြစ် ရိုက်ကူး ပုံဖော်ပေးခဲ့ တာဖြစ်ကြောင်း သိရပါတယ်။
 
Credit : Popular


Follow us on