1. Home
  2. Special or Others

မိန်းခလေးတွေကို ပြန်ပေးဆွဲပြီး လက်ထပ်တဲ့ နိုင်ငံ

Special or Others พ.ค. 23, 2559 view 1,666

ကာဂစ္စတန် နိုင်ငံဟာ လူဦးရေ (၆)သန်းသာရှိတဲ့ အာရှတိုက် အလည်မှာရှိနေ တဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ ဘိုးဘွားတွေ လက်ထက်ကတဲက မိမိကြိုက်တဲ့အမျိုးသမီးကို သူငယ်ချင်းတွေနဲ့ တိုင်ပင် အစီစဉ်ဆွဲကြ၊အဆင်သင့်ဖြစ်ပြီ ဆိုရင် မိန်းခလေး လာတတ် တဲ့ နေရာကနေ စောင့်ပြီး အတင်းအကြပ် ခိုးပြေးလေ့ရှိ တဲ့ ဓလေ့ ကို ယခု အချိန်အထိ ကျင့်သုံးနေဆဲပါ။မိန်းခလေးက ချစ်သူရှိသည်ဖြစ်စေ -လက်မခံနိုင်သည်ဖြစ်စေ မိမိကကြိုက်နေပြီဆိုရင် မရရအောင် ပြန်ပေးဆွဲခေါ်သွားတတ်ကြပါတယ်။

ဟိုးတုန်းက မြင်းတွေနဲ့ ပါ ၊ ခုတော့ ကားတင်ပြေးတာပေါ့ ၊နေရာတခုမှာ ရက်ပိုင်းလောက် အတူနေပြီးမှ မိန်းခလေးကို ပြန်ခေါ်လာပြီး လက်ထပ်ကြပါတယ်။အမျိုးသမီးအများစုက အတင်းအကြပ် ဖျက်ဆီးခံပြီးမှ မင်္ဂလာဆောင်ရ တဲ့ဘ၀ပါ၊ တချို့ ကတော့ ချစ်သူနဲ့ ကွဲရပြီး မချစ်မနှစ်သက်သူနဲ့  ပေါင်းရမှာကြောင့် ပြန်ပေးဆွဲထားတဲ့နေရာမှာဘဲ မိမိကိုယ် အဆုံးစီရင် သွားခဲ့ကြပါတယ်။ အကြမ်းဖက် ရိုးရာအစဉ်အလာ တစ်ခုကို ဆက်ပြီးကျင့်သုံးနေတာ ရပ်ကြပါလို့  အမျိုးသမီးအခွင့် အရေး လှုပ်ရှားနေတဲ့ အဖွဲ့ တွေကတော့ တောင်းဆိုနေပေမယ့် ခုချိန်ထိတော့ မိန်းခလေးတွေကိုပြန်ပေးဆွဲ ၊ကားတင်ပြေးနေကြတုန်းပါဘဲ။

Credit : thithtoolwin.com



Follow us on