1. Home
  2. Myanmar News

ရွှေတိဂုံ ဘုရားမှာ အောင်မြေ လာနင်းတဲ့ ၂၀၁၆ ပရီးမီးလိဂ် ချန်ပီယံ လက်စတာ စတီး

Myanmar News พ.ค. 23, 2559 view 1,697
၂၀၁၆ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းဟာ ဒီနေ့ ညနေ ၅ နာရီလောက်မှာ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပြီး ရွှေတိဂုံ စေတီတော်ကြီးကို သွားရောက် အောင်မြေနင်းခဲ့တယ်လို့ သိရပါတယ်။
 
လက်စတာအသင်း ပိုင်ရှင်နဲ့အတူ နည်းပြချုပ် ရာနီရေးနီနဲ့ ကစားသမား ခုနှစ်ယောက် လိုက်ပါလာခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး အင်ဒရူးပက်ထရစ်က သွားရောက်ကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။
 
 
လက်စတာအသင်းက ရွှေတိဂုံဘုရားရဲ့ ရာဟုထောင့်မှာ ဝတ်ပြုဆုတောင်းတာတွေ ပြုလုပ်ခဲ့ပြီး ပန်း၊ ဆီမီး၊ သစ်သီးတွေ ကပ်လှူပူဇော် ခဲ့ကြကာ ရွှေတိဂုံဘုရားမှာရှိတဲ့ အောင်မြေကိုနင်းပြီး လက်ယာရစ်သုံးကြိမ်ပတ် လမ်းလျှောက်ပူဇော်ခဲ့ကြပါတယ်။
 
လက်စတာအသင်းနဲ့ အတူ ဒန်နီဆင်ပွန်၊ ဂျက်ဖရီ၊ မာခ့်ရှဝါဇာ၊ ဒီမာရိုင်ဂရေး၊ ရိုင်ယန် ၀က်စတန်နဲ့ မိုက်ကယ်ကိန်း တို့ပဲ မြန်မာနိုင်ငံ ခရီးစဉ်မှာ ပါဝင်ခဲ့ပါတယ်။
 
 
ရွှေတိဂုံဘုရားကို အောင်မြေလာနင်းအပြီးမှာ လက်စတာအသင်းသားတွေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ည ၇ နာရီ ၁၅ မိနစ်အချိန်မှာ ပြန်လည်ထွက်ခွာခဲ့ပြီး Air Asia လေကြောင်းလိုင်းနဲ့  ထိုင်းနိုင်ငံ ဘန်ကောက်ကနေ အင်္ဂလန်နိုင်ငံကို ပြန်လည် ထွက်ခွာ ခဲ့တယ်လို့ သိရပါတယ်။
 
Credit : 7 Days Daily 


Follow us on