1. Home
  2. Movie Stars - Celebrity

Eva longoria ရဲ့ ဆည်းဆာချိန် မင်္ဂလာပွဲ

Movie Stars - Celebrity พ.ค. 24, 2559 view 1,634

ဟောလိဝုဒ် မင်းသမီး eva longoria ဟာ မက္ကဆီကိုမှာ ရုပ်သံအမှုဆောင်အရာရှိတစ်ဦးဖြစ်တဲ့ Jose Antonio Baston နဲ့ ကြည်နူးစရာကောင်းတဲ့ မင်္ဂလာပွဲလေးကို မေလ ၂၁ ရက် ညနေခင်းမှာ ကျင်းပခဲ့တာပါ။အသက် ၄၁ နှစ်အရွယ် Eva ဟာ လက်တင်အမေရိကရဲ့ အကြီးဆုံး မီဒီယာကုမ္ပဏီဖြစ်တဲ့ Grupo Televisa ရဲ့ ဥက္ကဋ္ဌ အသက် ၄၇ နှစ်အရွယ် Jose နဲ့ လွန်ခဲ့တဲ့ ၅ လက စေ့စပ်ခဲ့ပါတယ်။သတို့သမီးဟာ Victoria Beckham ဒီဇိုင်းထုတ်ပေးထားတဲ့ အဖြူရောင်ဂါဝန်လက်ပြတ်လေးကို ဝတ်ဆင်ခဲ့ပါတယ်။အရင်းနှီးဆုံး မိတ်ဆွေတွေကို ဖိတ်ကြားတဲ့ အဲဒီမင်္ဂလာပွဲကို ရောက်ရှိလာတဲ့သူတွေထဲမှာ Victoria နဲ့ David Beckham တို့ ဇနီးမောင်နှံလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Credit:Duwun



Follow us on