1. Home
  2. Movie Stars - Celebrity

ပေါ့ပ်ဂီတရဲ့ နတ်ဘုရားမအဖြစ် တင်စားခံရတဲ့ Cher

Movie Stars - Celebrity พ.ค. 24, 2559 view 1,550

အနုပညာလောကရဲ့ နာမည်ကြီး ငွေကြယ်ပွင့်ဖြစ်တဲ့ အမေရိကန် မင်းသမီး အဆိုတော်ရှာ ဟာ အနုပညာလောကမှာ ပေါ့ပ်ဂီတရဲ့ နတ်ဘုရားမ (Goddesss of Pop) လို့ နာမည်တွင်တဲ့အထိ အောင်မြင်ခဲ့သူတစ်ဦးပါ။ ကယ်လီဖိုးနီးယားမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ သူမရဲ့ နာမည်အပြည့်အစုံကတော့ Cherilyn Sarkisian ဖြစ်ပြီး အနုပညာလောကထဲကို အသက် ၁၆ နှစ်အရွယ်ကတည်းက စတင်ဝင်ရောက်ခဲ့ပါတယ်။ တေးစီးရီး အယ်လ်ဘမ် ၂၅ ခုတိတိ ထွက်ရှိခဲ့တဲ့ သူမဟာ တေးစီးရီးတွေ ထွက်ရှိတဲ့အခါတိုင်းလည်း အောင်မြင်မှု ရရှိခဲ့သူဖြစ်ပါတယ်။

တစ်ခေတ်တစ်ခါက သူမရဲ့ ပါဝါကောင်းလှတဲ့အသံ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ အကအလှတွေကြောင့် ပရိသတ်တွေက ပုံတူလိုက်လုပ်ရသည်အထိ အောင်မြင်ရေပန်းစားခဲ့တဲ့ အနုပညာကြယ်ပွင့်လည်း ဖြစ်ပါတယ်။ ကမ္ဘာလှည့် ဖျော်ဖြေပွဲပေါင်းများစွာလည်း သီဆိုဖျော်ဖြေခဲ့တဲ့ ရှာ ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း နာမည်ကြီးသူပါ။

၁၉၆၇ ခုနှစ်ကစတင်ကာ မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမဟာ တချို့ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်လေ့ရှိသလို တချို့ဇာတ်ကားတွေမှာတော့ ဧည့်သည်သရုပ်ဆောင်အဖြစ်သာ ပါဝင်ခဲ့ပါတယ်။

အနုပညာဆုတံဆိပ်ပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ ရှာ ဟာ ယနေ့ထက်ထိ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ပြီး ပုံရိပ်ထင်ကျန်လျက်ရှိတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာတော့ ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။ အမေရိကန် မင်းသမီး အဆိုတော် 'ရှာ' ကို ၁၉၄၆ ခုနှစ် မေလ ၂၀ ရက်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။



Follow us on