1. Home
  2. Movie Stars - Celebrity

လက်ထပ်တော့မယ့် လို့ ပြောလာတဲ့ ကျော်ထွဋ်ဆွေ

Movie Stars - Celebrity พ.ค. 24, 2559 view 1,611

ချစ်သူသက်တမ်း ငါးနှစ်ရှိပြီ ဖြစ်တဲ့ ကျော်ထွဋ်ဆွေတို့ စုံတွဲကတော့ မကြာခင် လက်ထပ်တော့မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ နှစ်ဘက်မိဘ အသိုင်းအဝိုင်းအပြင် ငွေရေးကြေးရေးကလည်း အဓိက ကျတာမို့ နှစ်ယောက်စလုံး ငွေစုနေတယ်လို့ သူက ပြောပါတယ်။"ချစ်သူသက်တမ်းက ၅နှစ်ရှိပြီ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့။

တစ်ယောက်အကြောင်းလည်း တစ်ယောက် ကောင်းကောင်းသိတယ်။ လက်ထပ်ဖို့အထိလည်း ရည်ရွယ်ထားကြတာဆိုတော့ ယူဖို့အတွက်ကိုလည်း ငွေစုနေပါတယ်"လို့ ဆိုပါတယ်။သူကတော့ အခုလက်ရှိမှာ သီချင်းတွေ ရေးဖြစ်နေတယ်လို့ သိရပါတယ်။Credit:Duwun

 



Follow us on