1. Home
  2. Movie Stars - Celebrity

ရှိုးပွဲတစ်ခုတည်းမှာ အင်္ကျီဆင်တူ ဖြစ်ခဲ့တဲ့ GiGi ရဲ့ ရည်းစားနှစ်ယောက်

Movie Stars - Celebrity พ.ค. 24, 2559 view 1,542

May 14 ရက်နေ့က ကယ်လီဖိုးနီးယားမှာ ပြုလုပ်ခဲ့တဲ့ Wango Tango ပွဲတော်မှာ မော်ဒယ်လေး Gigi Hadid ရဲ့ လက်ရှိရည်းစားနဲ့ အရင်ရည်းစားတို့ ထင်မှတ်မထားဘဲ အင်္ကျီဆင်တူဝတ်မိရက်သား ဖြစ်ခဲ့ရပါတယ်။

ကာဆန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ပွဲတော်ကို Gigi ရဲ့ရည်းစားဟောင်း Joe jones နဲ့ လက်ရှိရည်းစား Zayn Malik တို့က သားရေဂျာကင်အနက်ကိုယ်စီဝတ်ပြီး ဖျော်ဖြေခဲ့ကြတာပါ။

တစ်နေ့တည်း တစ်ရက်တည်းမှာပဲ အင်္ကျီဆင်တူ ဝတ်မိရက်သား ဖြစ်သွားခဲ့တာကြောင့် နှစ်ဦးစလုံးရဲ့ စိတ်ထဲမှာ ကသိကအောင့်ဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ်။

Joe Jones ကတော့ ပွဲအစပိုင်းမှာ သူ့ရဲ့ DNCE အဖွဲ့သားတွေနဲ့အတူ ဖျော်ဖြေခဲ့တာဖြစ်ပြီး Zayn ကတော့ နောက်ပိုင်းမှသာ ဖျော်ဖြေခဲ့တာပါ။ Gigi Hadid နဲ့ အဆိုတော် Joe Jonas တို့ဟာ ပြီးခဲ့နှစ်က ငါးလတာ တွဲခဲ့ကြဖူးပါတယ်။

Credit:Duwun



Follow us on