1. Home
  2. Movie Stars - Celebrity

Alice Through the Looking Glass အထူးပွဲ

Movie Stars - Celebrity พ.ค. 24, 2559 view 1,544

မကြာခင်ရုံတင်တော့မယ့် Alice Through the Looking Glass ဇာတ်ကား အထူးပွဲကို မေလ ၂၃ ရက်နေ့က ဟောလိဝုဒ်မှာ အထူးပွဲ စတင်ပြသလိုက်ပါတယ်။

ပွဲကို အဓိကသရုပ်နှစ်ဦးဖြစ်တဲ့ Johnny Depp နဲ့ Mia Wasikowska တို့ တက်ရောက်လာပါတယ်။

ဒါ့ပြင် ဇာတ်ဝင်သီချင်း Just Like Fire ရဲ့ အဆိုရှင် Pink ကလည်း ဂါဝန်ဖားဖားတစ်ထည်နဲ့ ရောက်လာခဲ့ပါတယ်။

အဖြူရောင်ဘုရင်မအဖြစ် မင်းသမီးချော Anne Hathaway ကလည်း နှစ်ကားဆက်တိုက် သရုပ်ဆောင်ထားတာပါ။

အဲလစ်အဖြစ်သရုပ်ဆောင်ထားတဲ့ Mia Alice In Wonderland ဇာတ်ကားဟာ ကာတွန်းဇာတ်ရုပ်ကို ရုပ်ရှင်အဖြစ်နဲ့ ပြန်လည်အသက်သွင်းရာမှာ အရွယ်ရောက်ပြီး အဲလစ်ရဲ့ပုံစံနဲ့ ရိုက်ကူးထားတာဖြစ်ပြီး မင်းသားကြီး ဂျွန်နီဒိကတော့ ဦးထုပ်သည် Hatter အဖြစ်နဲ့ ပထမကားမှာတော့ ဒုတိယကားမှာပါ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကို အမေရိကန်မှာ မေလ ၂၇ ရက်ကစပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Credit:Duwun



Follow us on