1. Home
  2. Movie Stars - Celebrity

မင်္ဂလာပွဲမှာ သီချင်းမဆိုဘူးဆိုတဲ့ Mariah Carey

Movie Stars - Celebrity พ.ค. 25, 2559 view 1,589

Mariah Carey သည် မေလ ၁၄ ရက်တွင် နယူးယောက် မြို့၌ ကျင်းပပြုလုပ်သော (၂၇) ကြိမ်မြောက် GLAAd Media Awards ဆုပေးပွဲသို့ ခင်ပွန်း လောင်း James Packer နှင့်အတူ တက်ရောက်လာရာ မင်္ဂလာပွဲအတွက် ပြင်ဆင်နေမှုများကို ရွှန်းရွှန်းဝေ ဝေ ပြောခဲ့ပါတယ်။

Mariah Carey က လက် ရှိ ကမ္ဘာလှည့်ဖျော်ဖြေပွဲဟာ မင်္ဂလာပွဲကျင်းပမည့် အစီအစဉ်ကို နှောင့်နှေးစေခဲ့နေတာပါ မင်္ဂလာဝတ်စုံကိုတော့ ရွေးချယ်ပြီး ပြီ လို့ သတင်းသမားတွေကို ပြောသွားခဲ့ပါတယ်။ Mariah Carey အနေဖြင့် မင်္ဂလာပွဲတွင် သီချင်းဆိုမည် လားဟု သတင်းထောက်တစ်ဦး က မေးမြန်းရာ ‘‘ရှင့်မင်္ဂလာပွဲမှာ ရှင်ဆိုပါလား။ ကိုယ့်မင်္ဂလာပွဲမှာ သီချင်းဆိုရမှာ မုန်းစရာကြီးပါ’’ ဟု တုံ့ပြန် ပြောကြားခဲ့သည်။

 ဇန်နဝါရီတွင် သြစတြေးလျဘီလျံနာသူဌေး James Packer သည် အဆိုတော် Mariah Carey အား ၃၅ ကရက် အလေးချိန်ရှိ စိန်လက်စွပ်ဖြင့် လက်ထပ်ခွင့်တောင်းခံခဲ့သည်။ ၎င်းတို့စုံတွဲသည် Tahiti ပြင်သစ် အပန်းဖြေကျွန်း၌ မင်္ဂလာပွဲဆင်နွှဲ ရန် စိတ်ကူးနေသည်ဟု New York Post သတင်းက ဖော်ပြ သည်။Credit:7DayDaily



Follow us on