1. Home
  2. Special or Others

လက်သည်းလည်းဆိုးနိုင်၊ ဒီလက်သည်းကနေ အရသာလည်းခံနိုင်မယ့် KFC ရဲ့ လက်သည်းဆိုးဆေး

Special or Others พ.ค. 25, 2559 view 1,619

သတင်းကတော့ အထူးအဆန်းပါပဲ။ သင်က အလှအပနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေ သဘောကျ ၀ယ်ယူတတ်သူလား။ ဒါမှမဟုတ် သင်က ကြက်ကြော်စားရတာ နှစ်ခြိုက်သူလား။ သင်ဟာ ဒီနှစ်ခုစလုံးကို နှစ်ခြိုက်သူတစ်ယောက်ဆိုရင်တော့ KFC ရဲ့ Finger Lickin' Good ဆိုတာနဲ့ မိတ်ဆက်ပေးပါရစေ။

KFC ကတော့ ဘယ်သူနဲ့မှ မတူတဲ့ အခြေအနေတစ်ခုကို ဖန်တီးလိုက်ပြန်ပါပြီ။ Fortune ကတင်ပြသွားတဲ့ သတင်းအချက်အလက်တွေအရ KFC ဟာ လက်သည်းဆိုးဆေးတစ်ခုကို တီထွင်ဖန်တီး ခဲ့ပါတယ်တဲ့။ KFC က လက်သည်းဆိုးဆေးထုတ်တယ်ဆိုကတည်းက ဘာများဒီနှစ်ခု သက်ဆိုင်လို့လဲလို့ ထင်မြင်သွားပါလိမ့်မယ်။

ဒါပေမယ့် KFC ရဲ့ လက်သည်းဆိုးဆေးရဲ့ ထူးခြားချက်က လက်သည်းလည်းဆိုးနိုင်မယ်၊ ဒီလက်သည်းကနေ အရသာခံနိုင်အောင်ပါ ပြုလုပ်ထားပါတယ်တဲ့။ ဒီတော့ လက်သည်းဆိုးဆေးဆိုးထားပြီး အဲ့ဒီလက်သည်းကနေ ကြက်ကြော်အရသာ နှစ်မျိုးနဲ့ အရသာခံနိုင်မှာပါ။ KFC ကတော့ ခုလို ဖန်တီးထုတ်လုပ်ရခြင်းဟာ ရိုးရှင်းတဲ့ရည်ရွယ်ချက်နဲ့ပါပဲလို့ ပြောထားပါတယ်။

စားသုံးသူတွေ ဒီလက်သည်းဆိုးဆေးကို ဆိုးမယ်၊ အခြားဆိုးဆေးတွေလိုပဲ အခြောက်ခံပြီးတာနဲ့ လျှာနဲ့လျက်ကြည့်လိုက်ရုံပါပဲ။ ထပ်ခါ ထပ်ခါ လျက်ကြည့်လို့ရတော့ လက်သည်းနီဆိုးရတာနှစ်ခြိုက်တဲ့ ပျိုမေတွေကတော့ သဘောကျကြမှာပေါ့။ လက်သည်းဆိုးဆေးကို အရသာနှစ်မျိုးနဲ့ ထုတ်ထားပြီး ရိုးရိုး နဲ့ အပူအစပ် နှစ်မျိုးရမှာပါ။

ဒီKFC လက်သည်းဆိုးဆေးဟာ ခုလောလောဆယ်တော့ ဟောင်ကောင်မှာသာ ရရှိနိုင်ပါသေးတယ်။ ခုလို လုပ်ဆောင်ခြင်းဟာ ဟောင်ကောင်က KFC ဆိုင်တွေအတွက် အရောင်းမြှင့်တင်တဲ့သဘောလည်း ဖြစ်သလို စိတ်လှုပ်ရှားစရာလည်း အရမ်းကောင်းပါတယ်လို့ ဟောင်ကောင်က KFC ဆိုင်ခွဲတွေရဲ့ တာဝန်ရှိသူတွေက ပြောပြသွားပါတယ်။ Credit:Trend Myanmar



Follow us on