1. Home
  2. Movie Stars - Celebrity

ဘဝအကြောင်းကို ရုပ်ရှင်ရိုက်တော့မယ့် မြတ်ကေသီအောင်

Movie Stars - Celebrity พ.ค. 25, 2559 view 1,988

စကားပြောပွင့်လင်းတဲ့ မြတ်ကေသီအောင်ရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ရိုက်တော့မယ်လို့ သိရပါတယ်။ ရုပ်ရှင်ရိုက်ဖို့ အတွက် ဒါရိုက်တာ မောင်မျိုးမင်းနဲ့ စီစဉ်နေတာ ဖြစ်ပါတယ်။ အဲ့ဒီအင်တာဗျူးမှာလည်း မေးတာနည်းနည်း ဖြေတာများများ ဖြစ်သွားခဲ့တယ်လို့ သူမက ဝန်ခံခဲ့ပါတယ်။ "ဒါကလည်း မိဘနှစ်ပါး အကြောင်းပါလာတော့ ဝမ်းနည်းတာပေါ့။ မိဘအကြောင်း ပြောရင် မျက်ရည်က အလိုလိုကျလာတတ်တာ။

အဲ့ဒါက အိုက်တင်လုပ်တာ မဟုတ်ဘူးလေ။ ပြီးတော့ ရင်ဖွင့်တာလည်း မဟုတ်ပါဘူး။ မေးလို့ ဖြေခဲ့တာပါ" လို့ သူမက ဆိုပါတယ်။ ရုပ်သံအင်တာဗျူးတစ်ခုမှာ ပွင့်ပွင့်လင်းလင်းပြောပြခဲ့တဲ့ သူမရဲ့ အကြောင်းကလည်း ပရိသတ်ကြိုက် အစီအစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

Credit : duwun.com.mm/



Follow us on