1. Home
  2. Myanmar News

ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူ အား ခိုးယူ၍ ၊ ဘိန်းဖြူ နှင့် လဲလှယ်ပြီး၊ ဘိန်းရှူ ခဲ့သည်ဆိုသော လူငယ် နှစ် ဦးကိုဖမ်းဆီးရမိ

Myanmar News พ.ค. 25, 2559 view 1,573

မေလ ၂၄ ရက်(ယနေ့) နေ့လယ်ပိုင်းက၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူ အား ခိုးယူ၍ ၊ ဘိန်းဖြူ နှင့် လဲလှယ်ပြီး၊ ဘိန်းရှူ ခဲ့သည်ဆိုသော လူငယ် နှစ် ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့ရှိ AHN သတင်းထောက်က ယနေ့ညနေပိုင်းတွင်သတင်းပေးပို့သည်။ " ကျောက်မဲမြို့မှာရှိတဲ့ လူမနေတဲ့အိမ်တစ်လုံးထဲက ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူ ကိုခိုးယူပြီး ဘိန်းဖြူ နဲ့လဲ၊ ဘိန်းရှူ ခဲ့တယ်ဆိုတဲ့အသက် ၃၀ အရွယ်လူငယ် နှစ်ဦးကို ကျောက်မဲရဲတပ်ဖွဲ့က ဒီနေ့နေ့လယ်မှာဖမ်းဆီးရမိခဲ့တာပါ။ ကျောက်မဲမြို့လယ်မှာ ဖမ်းဆီးရမိတာပါ။ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူပျောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီလူငယ် နှစ်ဦးကိုစစ်ဆေးမေးမြန်းရာမှာ ဒီလူငယ်နှစ်ဦးက ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူ ကို ခိုးယူ၊ ဘိန်းဖြူ နဲ့လဲလှယ်ပြီး၊ ဘိန်းရှူ ခဲ့တယ်လို့ ၀န်ခံထွက်ဆိုတယ်လို့ ကျောက်မဲမြို့မရဲစခန်းကတာဝန်ကျရဲဝန်ထမ်းကပြောပါတယ်။

လူငယ်နှစ်ဦး ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူ ကို ဘိန်းဖြူ နဲ့လဲလှယ်ခဲ့တယ်ဆိုတဲ့ကျောက်မဲမြို့ပြင် ပန်ပေါင်းရွာက အိမ်တစ်အိမ်ကို ၀င်ရောက်စစ်ဆေးရာမှာလည်း ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူကိုတွေ့ရပါတယ်။ ဘိန်းဖြူရောင်းတယ်ဆိုတဲ့ အိမ်ရှင်ကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်လို့ အဲဒီတာဝန်ကျရဲဝန်ထမ်းကပြောပါတယ်။ လူငယ် နှစ်ဦးထဲ တစ်ဦးက သူတို့ဝင်ခိုးတဲ့အိမ်မှာတခြားခိုးစရာဘာမှမတွေ့တော့လို့ တွေ့တဲ့ဗုဒ္ဓရုပ်ပွားဆင်းတုတော် နှစ်ဆူ ကိုခိုး ယူပြီး၊ ဘိန်းဖြူ နဲ့လဲ၊ ဘိန်းရှူ ခဲ့တာဖြစ်တယ်လို့ပြောကြောင်းလည်းသိရပါတယ်။ ” ဟု AHN သတင်းထောက်က သတင်းပေးပို့သည်။

Credit : thithtoolwin.com/



Follow us on