1. Home
  2. Special or Others

၈နှစ်အရွယ်သမီးကို မူးယစ်ဆေးတိုက်ပြီး မုဒိန်းကျင့်သောဖခင် မိမိကိုယ်ကြိုးဆွဲသေဖို့ကြိုးစား

Special or Others พ.ค. 25, 2559 view 1,653

မိတ်ဆွေများမှတ်မိကြမှာပါ ထိုင်းနိုင်ငံ တရန်ခရိုင် တရန်မြို့နယ်တွင် ပြီးခဲ့တဲ့မေလ ၁၂ရက်နေ့မှာ ၈နှစ်အရွယ်သမီးလေးကို မူးယစ်ဆေးတိုက်ပြီး မုဒိန်းကျင့်သေဆုံးခဲ့တဲ့ အမှုနှင့်ပတ်သက်၍ မင်္သကာသူ ၄ဦးကိုဖမ်းဆီးပြီး DNA သွားစစ်ခဲ့ပါတယ်။ ၎င်းမသင်္ကာသူ ၄ဦးအနက် ဖခင်ရင်းကိုယ်တိုင်လည်း ပါဝင်ပါတယ်။ DNA မစစ်ခင်က လင်မယားနှစ်ဦးစလုံးက ဖခင်ကိုယ်တိုင်ကျူးလွန်တာ မဖြစ်နိုင်ကြောင်း ငြင်းဆန်ပြီး အစိမ်းနုရောင် အကျီင်္ဝတ်ဆင်ထားသူနှင့် ၎င်း၏သူငယ်ချင်းဖြစ်ကြောင်း အပြတ်စွပ်စွဲပါသေးတယ်။

DNA သွားရောက်စစ်ဆေးကြည့်ရာမှာ ဖခင်ကိုယ်တိုင်၏ DNA နဲ့ တစ်ထပ်တည်းဖြစ်နေကြောင်း အဖြေထွက်လာပါတယ်။ စွပ်စွဲခံရသူ အကျီင်္အစိမ်းနုရောင်ဝတ်ထားသူနှင့် ကျန်၎င်း၏သူငယ်ချင်း ၂ယောက်တို့ DNA နဲ့မကိုက်ညီဘူးလို့သိရပါတယ်။ လက်ရှိမှာ ဖခင်ဖြစ်သူကို အချုပ်ထဲချုပ်နှောင်ထားရာ စိတ်ညစ်လို့ ဘောင်းဘီးဖြင့် မိမိကိုယ်ကြိုးဆွဲချသေဖို့ကြိုးစားနေချိန် တာဝန်ရှိသူတွေက အမှီပြန်ကယ်နိုင်ခဲ့ပါတယ်။

Credit : thithtoolwin.com/



Follow us on