1. Home
  2. Movie Stars - Celebrity

တက္ကသိုလ်ပါမောက္ခ ဖြစ်လာမည့် Jolie

Movie Stars - Celebrity พ.ค. 26, 2559 view 1,713

ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာ ဂျိုလီတစ်ယောက် တက္ကသိုလ်ပါမောက္ခ ဖြစ်လာတော့မှာပါ။ ဂျိုလီက London School of Economics (LSE) တက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် မဟာဘွဲ့သင်တန်း အသစ်တစ်ခုမှာ စာသင်ကြားသွားမှာ ဖြစ်ပါတယ်။ LSE ရဲ့ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာဘွဲ့သင်တန်းအတွက် မင်းသမီး ဂျိုလီက ဧည့်ပါမောက္ခအဖြစ် သင်ကြားသွားမယ်လို့ အဆိုပါ တက္ကသိုလ်က မေလ ၂၃ ရက်မှာ ထုတ်ပြန်ပြောကြားပါတယ်။

အမျိုးသမီးများ အခွင့်အရေးနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုကဲ့သို့ အမျိုးသမီး အကြမ်းဖက်ခံရမှု ကိစ္စရပ်တွေကို မည်သို့ ဆောင်ရွက်သင့်ကြောင်းအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် မဖြစ်မနေ လိုအပ်ကြောင်း ဂျိုလီက ဆိုပါတယ်။ ဂျိုလီက ကျောင်းသားတွေကို စာသင်ကြားသလို ကျောင်းသားတွေထံမှလည်း ပြန်လည် သင်ကြားသွားမှာဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ၊ ကုလသမဂ္ဂတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း မျှဝေသွားမယ်လို့ ပြောပါတယ်။

ဟောလိဝုဒ်မင်းသမီး ဂျိုလီက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်း UNHCR ရဲ့ အထူး သံတမန်အဖြစ်လည်း ဆောင်ရွက်နေသူ ဖြစ်ပါတယ်။Credit:Duwun



Follow us on