1. Home
  2. Special or Others

Scarlett Johansson နဲ့တူတဲ့စက်ရုပ်တစ်ရုပ်ဖန်တီးထားတဲ့သူ

Special or Others พ.ค. 26, 2559 view 1,653

Hong Kongက Graphic Designer တစ်ယောက်ဖြစ်တဲ့ Ricky Ma ဟာ ဟောလိဝုဒ်မင်းသမီးချော Scarlett Johansson နဲ့တူတဲ့ စက်ရုပ်တစ်ရုပ်ကိုတီထွင်ခဲ့ပါတယ်။ ထိုစက်ရုပ်ဟာ သူမကိုလှတယ်လို့ပြောရင် မျက်လုံးမှတ် ပြပြီး ရယ်လည်းရယ်တတ်တယ်လို့ဆိုပါတယ်။

Ricky ဟာ အခြားကလေးများစွာလိုပဲ ငယ်စဉ်ကတည်းက ကာတွန်းကားတွေကြည့်၊ စက်ရုပ်ရုပ်ရှင်တွေကြည့်ပြီး စက်ရုပ်နဲ့ပက်သက်တာကို ရူးသွပ်ခဲ့တာဖြစ်ပါတယ်။တစ်နေ့မှာ ကိုယ်တိုင်တီထွင်နိုင်ရမယ်လို့လည်း ငယ်ငယ်တည်း က စိတ်ကူးရှိခဲ့ပါတယ်။သူဟာ ဒီစက်ရုပ်အတွက် ၁နှစ်ခွဲအချိန်ပေးခဲ့ရပြိး 50,000 $ကျော်ကုန်ကျခံခဲ့ပါတယ်။

သူကတော့ ဒီစက်ရုပ်ဟာ ဟောလိဝုဒ်မော်ဒယ်လ်တစ်ယောက်ကို မှီငြမ်းပြီးတီထွင်ခဲ့တာလို့ပြောခဲ့ပေမယ့် ဘယ်သူလို့ထုတ်မပြောခဲ့ပါဘူး။ ဒါပေမယ့် သူတီထွင်ထားတဲ့ စက်ရု့ပ်နဲ့တူတာလည်း တစ်ယောက်ပဲရှိပါတယ်။ အဲ့ဒါကတော့ Scarlettt Johansson ပါ။ ထိုစက်ရုပ်ဟာ စကားလည်းပြန်ပြောနိုင်ပါတယ်။ ထို့အပြင်မျက်နှာအမူအရာပေါင်းစုံလည်း လုပ်တတ်ပါတယ်။ စက်ရုပ်ကိုတော့ Mark 1လို့နာမည်ပေးထားပါတယ်။

“Mark 1, နင်အရမ်းလှနေပါလား”လို့ပြောလိုက်တ့အခါမှာတော့ စက်ရုပ်ဟာပြုံးပြိး “ဟိဟိ ကျေးဇူးပါ” ဆိုပြီးပြန်ပြော ပါတယ်။ Rickyဟာ ဒီစက်ရုပ်ရဖို့ တော်တော်လည်းကြိုးစားခဲ့တာဖြစ်ပါတယ်။စက်ရုပ်တွေနဲ့Artificial Intelligenceတွေဟာ ဈေးကွက်ထဲမှာ အများအပြားဝင်ရောက်လာပြီးနောက်ထပ်၅နှစ် အတွင်းမှာ လူတွေလည်း အလုပ်လက်မဲ့ဖြစ်ဖို့ရှိနေပါတယ်။Credit:Shwemom



Follow us on