1. Home
  2. Movie Stars - Celebrity

ချစ်သူနာမည် ရေးထား တဲ့ အင်္ကျီနဲ့ လမ်းထွက်လာတဲ့ Gigi Hadid

Movie Stars - Celebrity พ.ค. 26, 2559 view 1,537

One Direction အဆိုတော်ဟောင်း Zayn Malik နဲ့ Gigi hadid ဟာ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာလျှို့ဝှက်ချက်မှ မထားပါဘူး။ ဒါပေမဲ့ အသက် ၂၁ နှစ်အရွယ် စူပါမော်ဒယ်လေးဟာ Zayn က သူမရဲ့ချစ်သူဆိုတာ တစ်ကမ္ဘာလုံးသိတာ သေချာစေဖို့ ပြုလုပ်လိုက်ပြန်ပါတယ်။

သူမဟာ 'lol ur not zayn malik.' လို့ရေးထားတဲ့ တီရှပ်အဖြူကိုဝတ်ထားတာကို မြင်တွေ့လိုက်ရပါတယ်။ သူမဟာ အဲဒီတီရှပ်လေးကို လယ်သာဘောင်းဘီလေးနဲ့ တွဲဖက်ဝတ်ဆင်ထားတာကို မေလ ၁၄ ရက်ညနေမှာ မြင်တွေ့လိုက်ရတာပါ။

မေလ ၁၅ ရက်မှာတော့ မိတ်ကပ်ပါးပါးလေးဆင်မြန်းလို့ ချက်ပေါ်အင်္ကျီလေးနဲ့ အပေါ်က ကီမိုနိုအပေါ်ထပ်အင်္ကျီဖားဖားကြီးကို တွဲဖက်ဝတ်ဆင်ထားတဲ့ အလန်းစားစတိုင်နဲ့ ထပ်မံ တွေ့လိုက်ရပြန်ပါတယ်။

သူမရဲ့ ဖက်ရှင်တွေကတော့ အမြဲလှပနေပါတယ် ။ မိန်းကလေးတိုင်းအားကျနေရတဲ့ ပုံစံလေးတွေပဲ အမြဲဝတ်ဆင်တက်သူလေးပါ။Credit:Duwun



Follow us on