1. Home
  2. Special or Others

မီတာ (၈ဝ) ရှည်သည့် ဆန်းဒဝှစ် ကို လှူဒါန်းရန်ပြုလုပ်ခဲ့

Special or Others พ.ค. 27, 2559 view 1,610

မေ (၂၆) ရက် နေ့မှာ အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရိစ်တွင် အာဂျင်တီးနား Down Syndrome အဖွဲ့ က Down Syndrome Association of Argentina (ASDRA) အားလှူဒါန်းရန်အတွက် မီတာ ၈ဝ ရှည်သည့် ဆန်းဒဝှစ် ကို လှူဒါန်းရန်အတွက် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန်းဒဝှစ်ကို အပိုင်း ၄ဝဝဝ ပိုင်းပြီးနောက် ပရိသတ်ကို ပြန်လည်ရောင်းချခဲ့သည်။ရောင်းချရသည့် ရန်ပုံငွေကို အာဂျင်တီးနားနိုင်ငံ၏ Down Syndrome ရောဂါသည်များအတွက်လှူဒါန်းသွားမှာဖြစ်ပါတယ်။

စားဖိုမှူးများသည် ၄င်းတို့ကိုယ်တိုင်အာဂျင်တီးနားတွင် အရှည်ဆုံးဆန်းဒဝှစ်ကို ဖန်တီးလိုကြသောကြောင့် ယခုလိုလှူဒါန်းဖြစ်ခြင်းလည်းဖြစ်သည်။ မီတာ ၈ဝ ရှည်သည့် ဆန်းဒဝှစ် ပြုလုပ်ရန်အတွက် အချိန် ၄ နာရီယူရပြီး ဂျုံကီလိုပေါင်း ၃၅ဝ ၊ ဒိန်ခဲ ၁၂ဝ ကီလိုဂရမ်နှင့် ဝက်ပေါင်ခြောက် ၃ဝ ကီလိုဂရမ် တို့အားအသုံးပြုရကြောင်းသိရပါ သည်။ Credit:China Xinhua News



Follow us on