1. Home
  2. Special or Others

ညီအစ်ကိုနှစ်ယောက်လုံးလိင်ပြောင်းပြီး ညီအစ်မအဖြစ်ခံယူတော့မည်

Special or Others พ.ค. 27, 2559 view 1,962

အသက်၂၃ နှစ်အရွယ် Jamie O’Herlihyနဲ့ အသက် ၂၀အရွယ် Chloe O’Herlihy တို့ဟာ နှစ်ပေါင်းများစွာ သူတို့ရဲ့လိင်စိတ်အမှန်ကို ဖုံးကွယ်ရင်း နေထိုင်ခဲ့ရပါတယ်။ အရင်နှစ်နွေရာသီကမှ သူတို့အိမ်ကို ဆွေမျိုးတွေအစုံအလင်လာတဲ့အချိန်မှာ ဖွင့်ဟခဲ့ပါတယ်။

သူတို့ဟာ ယောက်ျားလေးအဖြစ်မွေးလာခဲ့ပေမယ့် တကယ်တမ်းမှာ မိန်းကလေးစိတ်တွေရှိကြောင်းဖွင့်ဟပြိး လိင်အစားထိုးကုသဖို့ကိုလည်း စီစဉ်ခဲ့ကြပါတယ်။ သူတို့လိုပဲ အခြားလူတွေ ဒီလောကကြီးမှာရှိရင်လည်း အမှန်အတိုင်းဝန်ခံပြီးနေထိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ “ကျွန်တော်အမြဲသိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်အမြဲဖုံးကွယ်ခဲ့ရတယ်။ ကျွန်တော်က အလှပြင်ဆင်ရတာကိုအရမ်းကြိုက်မှန်းသိလာခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော် Chloeနဲ့ အမေကို အရင်နှစ်နိုဝင်ဘာလတုန်းက ဖွင့်ဟခဲ့တာပါ။

ကျွန်တော့်သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဖွင့်ဟခဲ့ပါတယ်။”လို့ Jamieကဆိုခဲ့ပါတယ်။ “ကျွန်တော်က အမြဲတမ်း မိတ်ကပ်လိမ်းပြီး ဆံပင်ရှည်ထားလေ့ရှိတယ်။ ကျွန်တော့်ကို ကျွန်တော့်ယောက်ျားလေးတွေထဲက တစ်ယောက်လို့ ဘယ်တုန်းကမှ မခံစားမိခဲ့ပါဘူး။ ကျွန်တော်ဟာ မိန်းကလေးတွေထဲက တစ်ယောက်လို့ပဲ ခံစားမိခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော်ဒီလိုတူညီတဲ့ခံစားချက်ရှိနေမယ်လို့ တစ်ခါမှမထင်ခဲ့ပါဘူး။ ဒါပေမယ့် Jamieကဖွင့်ဟခဲ့တဲ့အချိန်မှာတော့ ကျွန်တော်လည်း ဖွင့်ဟရတော့မယ်ဆိုတာသိခဲ့ပါတယ်။ Jamieနဲ့Chloeတို့ဟာ ငယ်စဉ်ကတည်းက ဘောလုံးကန်မယ့်အစား အင်္ကျီအလှအပတွေဝတ်ရတာကို ပိုနှစ်သက်ကြပါတယ်။

အက်ရှင်ကားတွေကြည့်မယ့်အစား အရုပ်ကလေးတွေနဲ့ပဲဆော့တတ်ပါတယ်။ ဘရစ်တနေစပီးယားနဲ့တူအောင်ဝတ်စားလေ့ရှိကြပါတယ်။ သူတို့တီရှပ်တွေကို တစ်ခါတစ်လေ စကတ်လုပ်ပြီးဝတ်ကြပါတယ်။အခုတော့Jamieနဲ့ Chloeအမျိုးသမီးစစ်စစ်ဖြစ်ဖို့ကြိုးစားနေကြပြီ။ခွဲစိတ်မှုခံယူဖို့လည်း ၂ယောက်လုံးကြိုးစားနေကြပါတယ်။ “ကျွန်တော်ကငယ်ငယ်ကတည်းက ဆံပင်အရှည်နဲ့မိတ်ကပ်နဲ့နေနေကျဆိုတော့ ပြဿနာမရှိဘူးလေ၊ ဒါပေမယ့်Jamieအတွက်ကတော့ အရင်ကယောက်ျားလေးတစ်ယောက်အဖြစ်နေခဲ့တဲ့အိမ်ထဲမှာ အခုတော့ မိန်းကလေးအဖြစ်နဲ့နေ ရမှာ သူစိတ်လှုပ်ရှားနေပါတယ်။”လို့ Chloeကဆိုခဲ့ပါတယ်။ “ကျွန်တော်အရင်က ခွဲစိတ်မှုမခံယူဖူးဘူးလေ။ ကြောက်တော့ကြောက်တာပေါ့။ ဒါပေမယ့် ဒိယောက်ျားခန္ဓာကိုယ်ကြီးနဲ့နေနေရတာကိုမုန်းနေပါပြီ။”လို့ Jamieကဆိုခဲ့ပါတယ်။



Follow us on