1. Home
  2. Myanmar News

သေနတ်ပစ်ဖောက်တဲ့ ရဲအုပ်က ရွာသားတွေကို အမှုပြန်ဖွင့်

Myanmar News พ.ค. 30, 2559 view 1,541

ကယားပြည်နယ် ရွာတစ်ရွာမှာ သေနတ်ပစ်ဖောက်မှုကြောင့် တိုင်ကြားခံထားရတဲ့ ဒုရဲအုပ်ဟာ ရွာသားတွေကို ဟန့်တားနှောင့်ယှက်မှုနဲ့ ပြန်လည် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မော်ချီးဒေသ အလင်းတန်းကျေးရွာမှာ အရက်ဘီယာရောင်းချတဲ့ ရွာသားတစ်ဦးကို ရဲအုပ်က ဖမ်းမယ်ပြောရာက သေနတ်နဲ့ပစ်ဖောက်မှုတစ်ခု မေလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဥပဒေနဲ့ အညီဆက်လက်မဆောင်ရွက်နိုင်အောင် ဟန့်တားနှောင့်ယှက်မှုနဲ့ စိုးမင်းအောင်၊ ဘအောင် အပါအဝင် ရွာသား ၁၂ ယောက်ကို ရဲအုပ် အောင်စိုးတင့်က ပုဒ်မ ၃၅၃ နဲ့ အမှုဖွင့် တိုင်ကြားထားတာ ဖြစ်ပါတယ်။

ဒေသခံတွေကလည်း မော်ချီးဒေသအုပ်ချုပ်ရေးမှူးထံ အဆိုပါကိစ္စကို ဖြေရှင်းပေးဖို့ တင်ပြတောင်းဆိုထားပါတယ်။

Photos & Source: 7Day Daily



Follow us on