1. Home
  2. Special or Others

လမ်းပေါ်တွင် တောင်းစားနေရာကနေ စူပါမော်ဒယ်ဖြစ်သွားသည့် ဖိလစ်ပိုင်မိန်းကလေး

Special or Others มิ.ย. 01, 2559 view 1,665

ရီတာဂါဘိုလာဆိုတဲ့ အသက် ၁၃ နှစ်အရွယ် ဖိလစ်ပိုင် မိန်းကလေးတယောက်ဟာ သူတို့ဒေသအခေါ် ဘဂျာဂဲလ် badjao girl လို့ခေါ်တဲ့ တောင်းရမ်းစားသောက်နေသူ လူငယ်တယောက်ပါ။ သူတို့မိသားစုဟာ ကျုးဇန်နယ်ဘက်မှာနေပေမယ့် ရီတာ့ကို အသက် ၂ နှစ်အရွယ် သူ့ညီမလေးကို ချီပြီး မနီလာမြို့ထဲမှာ လှည့်လည်တောင်းရမ်းနေတာကို တွေ့ပါ လိမ့်မယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ပတ်လောက်ကစပြီး ရီတာ့မှာရှိတဲ့ သူ့ရဲ့ သဘာဝ အလှကြောင့်ပဲ သူ့ဘ၀မှာ အကြီးအကျယ်ပြောင်းလဲဖို့ အကြောင်းဖန်လာပါတယ်။

ရီတာ့ရဲ့ ပင်ကိုယ်ရုပ်ရည် သဘာဝအလှကို သတိထားမိတဲ့ လူစီနာမြို့ခံ ဓာတ်ပုံဆရာ တိုဟာကွမ်တိုဘာဂို က အလှပြ ဓာတ်ပုံရိုက်ယူပြီး လုပ်တဲ့ ဖီရာပွဲတော်မှာ ထည့်သွင်းပြသခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ မနီလာလမ်းမတွေပေါ်မှာ တောင်းရမ်းနေတဲ့ ဖိလစ်ပိုင် မိန်းကလေးပုံစံကနေ စူပါမော်ဒယ်တယောက်လို အလှပြမယ်အသွင်ပြောင်းထားတဲ့ ရီတာ့ရဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းလူမှုကွန်ရက်တွေပေါ်မှာ အကြီးအကျယ် ပျံ့နှံ့သွားပြီး ရီတာဟာ အင်တာနက် စတားဖြစ်လာပါတော့တယ်။

Photogenic လို့ ဓာတ်ပုံရိုက်ကူးရာမှာ ထင်ပေါ်စေတဲ့ အသားအရည်၊ မော်ဒယ်တယောက်လို အခြေခံကျတဲ့ မျက်လုံးမျက်ဖန် မျက်နှာကျပုံတွေနဲ့ ရီတာ့ရဲ့ ပင်ကိုယ်အလှတွေကြောင့် ဖိလစ်ပိုင်မင်းသမီးတွေနဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေကနေ သူ့ရဲ့ပုံရိပ်တွေဟာ တီဗီရှိုးတွေပေါ်အထိ ရောက်ရှိလာပါတယ်။ ABS-CBN တီဗီချန်နယ်ရဲ့ မဂ္ဂဇင်းရှိုး ဖြစ်တဲ့ Rated K အပါအ၀င် တီဗီရှိုးတွေကနေတဆင့် အခုဆိုရင် ရီတာဟာ အင်တာနက်စတား ဘ၀ကနေ ဖိလစ်ပိုင် နာမည်ကြီးလူငယ်တယောက် ဖြစ်လာနေပါပြီ။ တံငါသည်မိသားစုကနေ မွေးဖွားလာတဲ့ ရီတာကတော့ သူ့ရဲ့မိသားစုကို ထောက်ပံ့ကူညီ သွားနိုင်ဖို့အတွက် ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ဖို့ကို ရည်ရွယ်ချက်ရှိနေပါတယ်။

Credit : burmese.dvb.no/



Follow us on