1. Home
  2. Special or Others

ITဝန်ထမ်းတွေအတွက် အကမယ်ငှားပေးထားတဲ့Company

Special or Others มิ.ย. 01, 2559 view 1,663

ရုရှနိုင်ငံ Ulyanovskမြို့မှာရှိတဲ့ IT Companyတစ်ခုက ဝန်ထမ်းတွေ ပျော်ရွှင်စွာနဲ့အလုပ်လုပ်နိုင်ဖို့နိုက်ကလပ်တွေမှာ အလုပ်လုပ်နေတဲ့ ပေ၇ာ်ဖက်ရှင်နယ် အကမယ်တစ်ယောက်ဖြစ်တဲ့ Yulia tastimbekova ငှားရမ်းပေးခဲ့ပါတယ်။ ထိုအကမယ်အတွက်လည်း ရုံးခန်းထားပြီး တစ်ပတ်ကို ၂ကြိမ်ရုံးသွားပြီး ကပြဖျော်ဖြေပေးရတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ရုံးက Programmer တွေကို ကပြဖျော်ဖြေရပြီး သောကြာနေ့တွေမှာတော့ ရုံးက ဘော့စ်တွေမန်နေဂျာတွေကို ကပြဖျော်ဖြေရပါတယ်လို့ ပြောထားပါတယ်။

သူမကနေတာကို ရုံးက ဝန်းထမ်းတွေကြည့်နေတဲ့ ဒီဗီဒီယိုဟာ အွန်လိုင်းမှာလည်း နာမည်ကြိးနေပါတယ်။ သူမဟာ အင်္ကျီအနက်ရောင်အတိုကိုဝတ်ထားပြီး၊ ဘောင်းဘီအတို၊ဒေါက် ဖိနပ်နဲ့ ကပြဖျော်ဖြေနေခဲ့တာဖြစ်ပါတယ်။

Company ပိုင်ရှင်ဖြစ်တဲ့ Mukhametovကတော့ Tastimbekova ကိုငှားရမ်းရတာဟာ Companyက ပရိုဂရမ်မာတွေအနေနဲ့ အလုပ်ပင်ပန်းတဲ့အခါ အပန်းဖြေနိုင်ဖို့လို့ဆိုပါတယ်။ ဒါပေမယ့် ရုံးကဝန်ထမ်းတွေအားလုံး အကမယ်ကိုရိသဲ့သဲ့လုပ်ခြင်း၊ ဖုန်းနံပတ်တောင်းခြင်းမလုပ်ရပါဘူး။ လုပ်ရင် အလုပ်ကဖြုတ်ပစ်မှာဖြစ်ပါတယ်။

အကမယ် Tastimbekova ကလည်း “ကျွန်မ မော်စကိုက အိုင်တီလုပ်ငန်းတွေ့ အကမယ်တွေငှားနေတယ်လို့ကြားတော့ သိချင်စိတ်ပြင်းပြပြီး အလုပ်လျှောက်ခဲ့တာပါ။” လို့လဲ ပြောထားပါတယ်။

Programmerတစ်ဦးဖြစ်တဲ့ Dmitry Perfilievကတော့ “ကျွန်တော်ကတော့ အရမ်းကြိုက်ပါတယ်။ စိတ်ဓာတ်တက်ကြွစေတယ်လေ”လိုပြောထားပါသေးတယ် ။ အမျိုးသမီးဝန်ထမ်းOlga Makarovaကတော့ “ရုပ်လှသလို ကကွက်တွေကလည်းလှတဲ့ မိန်းကလေးတစ်ယောက်ကို ကြည့်ရတာ ကျွန်မလည်းကြိုက်ပါတယ်”လို့ ဆိုခဲ့ပါတယ်။Credit:Shwemom

အကမယ် - Yulia tastimbekova



Follow us on