1. Home
  2. Movie Stars - Celebrity

Lee Min Ho နဲ့ ဇာတ်ကားသစ်ရိုက်မယ့် Jun Ji Hyun

Movie Stars - Celebrity มิ.ย. 01, 2559 view 1,834

တောင်ကိုရီးယား မင်းသားချော Lee Min Ho နှင့် မင်းသမီး Jun Ji Hyun တို့ဟာ မကြာမီ ထုတ်လွှင့် ပြသမည့် “The Legend of the Blue Sea” ဒရမ်မာဇာတ်ကားတွင် ခေါင်းဆောင်မင်းသား မင်းသမီး နေရာမှ ပါဝင်သရုပ်ဆောင်သွားရန် ဇာတ်ညွန်းရေးဆရာ ပက်ဂျီအန်က ရွေးချယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

မီဒီယာတစ်ခုက ခန့်မှန်းခြေအားဖြင့် အပိုင်းတစ်ပိုင်းလျှင် ၀မ်ငွေ သန်း ၅၉၀ ( အမေရိကန်ဒေါ် လာ ၄၉၅ ၀၀၀) ဖြင့် ကမ်းလှမ်းထားကြောင်းနှင့် ထုတ်လုပ်ရေးကုမ္ပဏီကလည်း မဝေးတော့သည့် အနာဂတ်တွင် လေလံဆွဲသူများ ပိုမိုများပြားလာရန် ခန့်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားခဲ့ပါတယ်။

စာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါက ယခုနှစ် လူကြိုက်များခဲ့သော KBS2 ရုပ်သံ၏ “Descendants of the Sun” ဇာတ်ကား ဖြန့်ချိမှုနှုန်း စံချိန်ကို ချိုးဖျက်နိုင်မည်ဟု အနုပညာအသိုင်း အ၀ိုင်း အတွင်းလူများက ခန့်မှန်းထားသည်။ “The Legend of the Blue Sea” ဇာတ်ကားသည် ဒိန်းမတ် စာရေးဆရာ ဟန်စ်ခရစ္စတင်း အန်ဒါဆန်၏ “ The Little Mermaid” ၀တ္ထုကို ပြင်ဆင်ရိုက်ကူးသွားမည်ဖြစ်ပြီး အသေးစိတ် အချက် အလက်မျာကို မကြာမီ ကြေညာသွားမည် လို့လဲ ပြောကြားထားပါတယ်။ Credit:Mizzima



Follow us on