1. Home
  2. Myanmar News

ဓာတ်လှေကားစက်ချို့ယွင်းသွား၍ အမျိုးသားတစ်ဦး ဓာတ်လှေကားအတွင်းပိတ်မိမှုဖြစ်ပွား

Myanmar News มิ.ย. 01, 2559 view 1,593

တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက် တောင်မြင်းပြိုင်ကွင်းလမ်းအမှတ် (၂၄/၆) ရှစ်ထပ်ခွဲတိုက်၏ ဓာတ်လှေကားအတွင်း၌ မေ ၂၉ ရက်နံနက် ၁၁ နာရီမိနစ် ၂ဝ ခန့်ကအမျိုးသား တစ်ဦးပိတ်မိနေခဲ့သည်။ အဆိုပါတိုက်၏ ဒုတိယထပ်အခန်းအမှတ(2-B)တွင်နေထိုင်သော ဦးရဲဝင်းထူးသည် မိမိအခန်းသို့ ပြန်ရန် ဓာတ်လှေကားဖြင့် တက်လာစဉ် စက်ချို့ယွင်းသွားသည့်အတွက် တိုက်၏ ပထမအထပ်နှင့် ဒုတိယ အထပ်အကြားအရောက်တွင်ဓာတ်လှေကားရပ်သွားပြီး ပိတ်မိနေခြင်းဖြစ်ကြောင်းသိရသည်။

ကာယကံရှင်ကိုယ်တိုင် လက်ကိုင်ဖုန်းဖြင့် အကြောင်းကြားသည့်အတွက် တာမွေမြို့နယ် မီးသတ် ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်လွင်ဦး ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင် ငါးဦးတို့က သွားရောက်၍ ကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ မွန်းတည့် ၁၂ နာရီတွင် ဓာတ်လှေကားအတွင်း ပိတ်မိနေသူ ဦးရဲဝင်းထူး အား ကယ်ထုတ်နိုင်ခဲ့သည်။

Credit : thithtoolwin.com/



Follow us on