1. Home
  2. Movie Stars - Celebrity

ခင်စုစုနိုင်ရဲ့ကိုယ်ပိုင်စိတ်ကူး

Movie Stars - Celebrity มิ.ย. 02, 2559 view 1,690

သူမရဲ့ ဒုတိယတေးစီးရီးခွေကို လာမယ့် ဇွန်လ (၅) ရက်နေ့မှာ ထွက်တော့မယ်လို့သိရပါတယ်။ "ကိုယ်ပိုင်စိတ်ကူး"လို့ ပေးထားတဲ့ ဒုတိယစီးရီးအခွေမှာ တေးသီချင်း (၁၃) ပုဒ်ပါဝင်ကာ အကောင်းဖြစ်အောင် ကြိုးစားထားတယ်လို့ သူမက ဆိုပါတယ်။ "ပထမတော့ အခွေတိုင် တည်ကို “ကိုယ်ပိုင်”လို့ပေးထား တာ။ ဒါပေမဲ့ ပရိသတ်အတွက် ရွေးတဲ့အခါမှာ ကိုယ်ပိုင်လို့ပြောရ တာ နည်းနည်းခက်တော့ ကိုယ် ပိုင်စိတ်ကူးဆိုပြီး သီချင်းနှစ်ပုဒ် ပေါင်းပြီးပေးတာ။ နောက်ပြီး ဒီအ ခွေလေးက ကိုယ့်စိတ်ကူးနဲ့လည်း ထုတ်ခဲ့တာဆိုတော့ အဲဒီမက်ဆေ့ ခ်ျလေးကို ပရိသတ်ကိုပေးချင်လို့ ကိုယ်ပိုင်စိတ်ကူးလို့ပေးဖြစ်တာ’’လို့ သူမက ပြောပါတယ်။

အခွေထွက်မယ့် ဇွန်လ(၅) ရက်နေ့လှည်းတန်းစင်တာမှာ 3pm ကနေ 5pm ထိအနုပညာမောင်နှမများနဲ့အတူ သီချင်းတွေ ဖျော်ဖြေရင်း လာရောက်လာတဲ့ ပရိတ်သတ်တွေကို လက်ဆောင်လဲ ပေးသွားအုံးမှာပါတဲ့ ။Credit: Khin susu naing



Follow us on