1. Home
  2. Movie Stars - Celebrity

ငါးယောက်မြောက် ကလေးယူဖို့ ပြင်ဆင်နေတဲ့ Victoria နဲ့ David Beckham

Movie Stars - Celebrity มิ.ย. 02, 2559 view 1,775

အသက် ၄၂ နှစ်အရွယ် ဗစ်တိုးရီးယားဟာ ဖောလစ်အက်ဆစ်ဓာတ်ပါတဲ့ အစားအစာတွေ စားရင်း ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်ဝန်အတွက် သူမရဲ့ခန္ဓာကိုယ်ကို အသင့်ပြင်နေပြီလို့ သတင်းကြားရပါတယ်။

ကလေးငယ် ကျန်းမာဖွံ့ဖြိုးဖို့အတွက် ကလေးယူဖို့ ပြင်ဆင်နေချိန်နဲ့ ကိုယ်ဝန်ရှိချိန်တွေမှာ အမျိုးသမီးတွေက ဖောလစ်အက်ဆစ်နဲ့ အဲဒီဓာတ်ပါတဲ့ စားစရာတွေကို တိုးပြီးစားဖို့ လိုတယ်လို့ ဆေးပညာရှင်တွေက အမြဲ ညွှန်ကြားလေ့ရှိပါတယ်။

အခု ဗစ်တိုးရီးယားဘက်ခမ်းက ဖောလစ်အက်စ်ဓာတ် ကြွယ်ဝတဲ့ ပန်းပွင့်စိမ်းနဲ့ အစိမ်းရောင်အရွက်တွေကို အမြောက်အမြားစားနေတယ်လို့ သိရပါတယ်။

ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘက်ခမ်းဟာ အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်း၊ အသက် ၁၃ နှစ်အရွယ် ရိုမီယိုနဲ့ အသက် ၁၁ နှစ်အရွယ် ခရက်စ် ဆိုတဲ့ သားသုံးယောက်နဲ့ လေးနှစ်အရွယ် သမီးငယ်လေး ဟာပါတို့နဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ရှိနေပါတယ်။ Credit:Duwun



Follow us on