1. Home
  2. Special or Others

Instagramကြောင့် တစ်လဒေါ်လာသုံးသောင်းရနေတဲ့ အမွှာညီအစ်မ

Special or Others มิ.ย. 02, 2559 view 1,644

အမေရိကန်အမွှာညီအစ်မနှစ်ယောက်ဖြစ်တဲ့ Dana နဲ့ Nadia တို့ဟာ Instagram ကို အသုံးပြုပြီး တစ်လလျှင် အမေရိကန်ဒေါ်လာ 3 သောင်းအထိ ရှာဖွေနိုင်ကြတယ်လို့ သိရပါတယ်။ ၎င်းအစ်မွှာညီအစ်မနှစ်ယောက်ဟာ သူတို့ရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းပေါ်မှာ ပုရိသတွေစိတ်ဝင်စားအောင် တင်နိုင်ခဲ့ပြီး Follower ပရိသတ်မှာလည်း အခြား Cele များလိုပဲ ရရှိခဲ့ကြပါတယ်။

Dana နဲ့ Nadia တို့ဟာ ယခုအချိန်မှာ အသက်(30)အရွယ် ရှိနေပြီဖြစ်ပြီး သူတိုရဲ့ ရင်နဲ့တင်သားတွေဟာ အခြားခန္ဓာကိုယ်အစိတ်ပိုင်းများထက် 3 kg လောက်အထိ ပိုများနေခဲ့တာကြောင့် ပုရိသတို့ရဲ့ အထူးစိတ်ဝင်စားမှုကို ရခဲ့ကာ စွဲဆောင်မှုမှာလည်း အသွင်တစ်မျိုးအဖြစ် ထူးခြားနေခဲ့ပါတယ်။

Dana နဲ့ Nadia အမွှာညီအစ်မနှစ်ယောက်ဟာ ဒီလို အလှမျိုး ပိုင်ဆိုင်ဖို့အတွက် ခွဲစိပ်မှုတွေ လုပ်ခဲ့ရပြီး ကန်ဒေါ်လာ ခြောက်သောင်းခန့် ကုန်ကျခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် အမွှာညီအစ်မဟာ Instagram ကနေ ၀င်ငွေတွေ ပြန်လည်ရရှိခဲ့ပြီး ယခုအချိန်မှာတော့ သူမတို့ရဲ့ ‘belfies’ ပုံတွေကို ‘Supe’ app မှာ စီးပွားဖြစ်ရောင်းချဖို့ မျှော့်လင်နေကြပါတယ်။

‘Supe’ app ဟာ ကမ္ဘာကျော်များရဲ့ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေကို စီးပွားဖြစ် ပြန်လည်ရောင်းချနေတဲ့ App ဖြစ်ပြီး သူမတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေ ရောင်းချဖို့ သဘောတူညီမှုသာ ရရှိခဲ့ပါက ၀င်ငွေမှာ ယခုထက် ပိုများလာနိုင်ဖွယ် ရှိနေပါတယ်။ အစ်မွှာညီအစ်မထဲက တစ်ယောက်ဖြစ်တဲ့ Dana က ” ကျွန်မတို့ဟာ Instagram မှာ famous bottom တွေ အများကြီးရခဲ့သလို စီးပွားဖြစ် ရောင်းချနိုင်ခဲ့ပါတယ် … အဲဒီအတွက်လည်း စီးပွားရေးလုပ်ငန်းပေါင်းများစွာရဲ့ ဆက်သွယ်မှုကို ခံခဲ့ရပါတယ် … ကျွန်မတို့ဟာ အခုချိန်မှာတော့ Selfie Queen ဘ၀မှာ စီးပွားတွေ အများကြီး ဖြစ်နေဆဲပါ ” လို့ ၀င့်ကြွားစွာ ပြောဆိုခဲ့ပါတယ်။ အဆိုပါ ညီအစ်မနှစ်ယောက်ဟာတစ်နေ့ကိုဓာတ်ပုံပေါင်း150 ခန့်ရိုက်ကူးကာ Instagramမှာတင်ခဲ့ပြီး ပုရိသတို့အကြားမှာ ရေပန်းစားမှုတွေ တိုးပွားလာအောင် ကြိုးစားနေပါတယ်။



Follow us on