1. Home
  2. Special or Others

မန်(သို့ ) ထိုင်းနိုင်ငံရဲ့  စိန်တပွင့်

Special or Others มิ.ย. 02, 2559 view 2,004

ထိုင်းနိုင်ငံမှာ ၀င်ငွေအများဆုံး ဟာသ အနုပညာရှင် သန်းကြွယ်သူဌေး Petchtai Wongkamlao ဖက်ထိုင်း ၀ုန်ခမ်လောင် (မန်)ဟာ ယခုဂျွန်လ ၂၄ ရက်နေမှာ အသက် (၅၁)နှစ်ရှိပြီဖြစ်ပါတယ်။ အာရှနိုင်ငံတွေက သူ့ ကို မျက်နှာလေးထောင့် ဟာသသရုပ်ဆောင်လို့  လူသိ များကြပါတယ်။ ထိုင်းလူမျိုးတွေကအိစံ(လာအိုနိုင်ငံသားများလာရောက်အခြေချ နေထိုင့်တဲ့ နယ်မြေ) ဒေသလို့  ခေါ်ကြတဲ့ အူဘွမ်ရဌာနီ သားပါ၊ ၁၆နှစ်သားထဲက ပညာတပိုင်းတစနဲ့  နယ်လှည့်ဖျော်ဖြေတဲ့ အငြီမ့်နောက်မှာ တောက်တိုမယ်ရ အလုပ်သမားဘ၀ အလုပ်ကြမ်းလုပ်ရင်း အနုပညာလောက ထဲ စတင်အခြေချခဲ့ ပါတယ်။ ဟာသ အဖွဲ့ ထောင် ပျက်လုံးတွေထုတ်ရင်း TV လိုင်းက ကျင်လွိုင်ကျင်လန်း အစီစဉ်မှာပါဝင်ခဲ့ရာကနေ စတင်ကျော်ကြားလာပြီး ကိုယ်တိုင်ဇတ်ညွန်းရေး- ရုပ်ရှင် ဒါရိုက်တာလုပ် ကုပဏီပိုင်ရှင်ဖြစ်တဲ့အထိ ချမ်းသာလာခဲ့ပါတယ်။

မာန် ဟာ ကိုယ်အောက်ပိုင်းဆိုင်ရာတွေကို အများဆုံးသုံး ပျက်လုံးတွေထုတ်တတ် ပါတယ်၊ တကယ့်အပြင်ဘ၀မှာတော့ မိသားစုအပေါ် သံယောဇဉ်ကြီးပြီး တလင် တမယား စနစ်ကို ကျင့်သုံးခဲ့တဲ့သူ ၊အလုပ်အပေါ် အလွန်သစ္စာရှိသူတဦးဖြစ်ပါတယ်။ အရာရာ ပြည့်စုံတဲ့ဘ၀ရောက်မှ ပညာဟာအရေးပါမှန်းသိခဲ့ပြီးဘန်ကောက် ရမ်ကန်ဟန် တက္ကသိုလ်ကနေ ဘွဲ့ ရအောင် ဆက်လက် ပညာသင်ခဲ့ပြီး ယခု PoliticalScience နိုင်ငံရေးသိပ္ပံဘာသာကိုဆက်လက်သင်ကြားလေ့လာ နေသလို သားသမီးနှစ်ယောက် စလုံးကို ကနေဒါနိုင်ငံမှာ ကျောင်းထားခဲ့ပါတယ်။

Credit : မယုံရင်ပုံပြင်မှတ်



Follow us on