1. Home
  2. Special or Others

ခန္ဓာကိုယ်မသန်မစွမ်းဖြစ်နေသည့် မွေးစားသမီးကို ၁၅ နှစ်လုံးလုံး ပါးစပ်ဖြင့် အစားခွံ့၍ တယုတယစောင့်ရှောက်ထား

Special or Others มิ.ย. 02, 2559 view 1,704

တရုတ်နိုင်ငံ ရှန်စီးပြည်နယ်မှ လင်မယားနှစ်ယောက်သည် ပြီးခဲ့သည့် ၁၅ နှစ် လုံးလုံး ခန်္ဓာကိုယ်မသန်မစွမ်းဖြစ်နေသည့် မွေးစားသမီးလေးကို ပါးစပ်ဖြင့်အစားခွံ့၍ တယုတယကျွေးမွေးလာခဲ့သည့်အတွက် မီဒီယာများ၌ ဖော်ပြခံနေရသည်ဟု သိရသည်။ အမျိုးသမီးက ဆေးရုံတစ်ခုတွင် သန့်ရှင်းရေးသမားတစ်ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ် ဆောင်းတွင်း၌ ဆေးရုံလျှောက်လမ်း တွင် စွန့်ပစ်ထားသောကလေးငယ်ကို တွေ့ရှိခဲ့သည်။ထိုကလေးငယ်ကို အိမ်ခေါ် လာကာခင်ပွန်းသည်နှင့်အတူ ကျွေးမွေးစောင့်ရှောက်ထားခဲ့ခြင်းဖြစ်သည်။ မိဘအရင်းများက ကလေးငယ်သည် မသန်မစွမ်း နှင့်မွေးဖွားလာသောကြောင့် လာရောက် စွန့်ပစ်ထားခဲ့ကြသော်လည်း ၎င်းင်းအမျိုးသ မီးက ကလေးကို မျက်နှာမလွှဲနိုင်သော ကြောင့်အိမ်သို့ခေါ်ယူသွားခဲ့သည်။က လေးငယ်သည် နို့ကိုစုပ်ယူနိုင်စွမ်းမရှိ လောက်အောင် မသန်စွမ်းသောကြောင့် ဆွေမျိုးသားချင်းများက ကလေးကို မမွေး ရန်နားချခဲ့ကြသည်။

သို့သော် ၎င်းတို့လင်မယားက လက်မလျှော့ဘဲ ဆက်မွေးခဲ့ကြသည်။ကလေးငယ်သည် ယခုအချိန်အထိ အစားကိုမ၀ါးနိုင်သောကြောင့် မိဘများက ကြေညက်အောင်ဝါးပြီးမှ ပါးစပ်ချင်းတေ့၍ အစာခွံရလေ့ရှိသည်။ နေ့စဉ်ကလေးကိုအစာကျွေးပြီးမှသာ မိဘနှစ်ပါးက အစားစားရသောကြောင့် အသက်ရလာသည်နှင့်အမျှ အစာအိမ်ရောဂါကိုခံစားခဲ့ ကြရသည်။ နှစ်ဦးလုံးက သမီးငယ်အား တစ်နေ့ထမင်းသုံးနပ်ကိုလက်မလည် အောင်အချိန်ပေးကျွေးမွေးနေရခြင်းဖြစ် သည်။ ယခုအခါ အသက် ၁၅ နှစ်ရှိပြီဖြစ်သော်လည်း ကလေးငယ်မှာ သုံးနှစ်သား ကလေးတစ်ဦး၏ဥာဏ်ရည်သာရှိသေးသည်ဟု သိရသည်။

Credit : https://www.facebook.com/pyimyanmarnews/



Follow us on