1. Home
  2. Movie Stars - Celebrity

Leo ကို Crush နေကြောင်းဖွင့်ပြောလိုက်တဲ့ Emilia Clarke

Movie Stars - Celebrity มิ.ย. 03, 2559 view 1,614

Game of Throne မင်းသမီး Emilia Clarke က သူမအနေနဲ့ Oscar ဆုရှင် Leonardo ကို Crush နေကြောင်းကို တရားဝင်ထုတ်ပြောလိုက်ပါတယ်။ လက်ရှိ အသက် 29 နှစ်ရှိပြီဖြစ်တဲ့သူမဟာ Game of Thrones , Terminator Genisys , Me Before You , စတဲ့ဇာတ်ကားများမှာပါဝင်သရုပ်ဆောင်ထားသူ သူမဟာ Oscar ဆုရှင် Leonardo DiCaprio နဲ့ Date လုပ်ချင်ကြောင်းပြောကြားခဲ့ပါတယ်။ သူမရဲ့ပြောတာကတော့ “Leo ကို Titanic မှာကတည်းက အရမ်းသဘောကျခဲ့တာပါ။ တကယ်လို့ Leo ရဲ့ ထွက်သက်ဝင်သက်ကိုအနီးကပ်ခံစားခွင့်ရခဲ့မယ်ဆိုရင်တော့ အရမ်းပျော်မှာပါပဲ။

Events တွေမှာဆိုရင်လဲ Leo နားကပ်ပြီး Hello လို့တောင် မနှုတ်ဆက်ရဲပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ ကို ကျမ အသက် 11 နှစ်ကတည်းက Titanic ကြည့်ပြီး အရမ်းချစ်ခဲ့တာကြောင့်ပါ ဖွင့်ဟပြောဆိုဖို့ ခက်ခဲနေပါတယ်။ သူ့အနားကပ်ပြီး သူနဲ့ အတူတူ အသက်ရှုခွင့်ရဖို့အတွက် စိတ်ကူးယဉ်နေပါတယ်” လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Credit : https://www.facebook.com/DatshinReviews/



Follow us on