1. Home
  2. Special or Others

သူခိုးကိုအဝတ်ဗလာချွတ်ခိုင်းပြီး အပြစ်ပေးခဲ့တဲ့မော်ဒယ်

Special or Others มิ.ย. 03, 2559 view 1,919

ကိုလံဘီယာသူဖြစ်တဲ့ Angie Olarte ဟာ သူမဆီကနေပစ္စည်းတွေခိုးယူခဲ့တဲ့ သူခိုးနောက်ကို ခြေရာခံလိုက်ခဲ့ပြီး လမ်းလည်ခေါင်မှာပဲ ထိုသူခိုးကိုအဝတ်အစားချွတ်ခိုင်းက အပြစ်ပေးခဲ့ပါတယ်။ ထိုအပြစ်ပေးတဲ့ ဗီဒီယိုဟာ အွန်လိုင်းပေါ်မှာပျံနှံ့ ခဲ့ပြီးနောက် သူမဟာ မော်ဒယ်တစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုလာပါတယ်။

သူမဟာ ကိုလံဘီယာမြို့တော်Bogotaမှာနေထိုင်သူဖြစ်ပြီး သူမရဲ့ဗီဒီယိုကြောင့် ကမ္ဘာတစ်လွှားကမီဒီယာတွေမှာခေါင်းစီး နေရာကနေ ပါဝင်ခဲ့ပါတယ်။ သူမဟာ ဒီလိုနာမည်ကြီးလာပြီးနောက်ပိုင်းမှာ အင်စတာဂရမ်ပေါ်မှာလဲ Follower ၁၇၀၀၀ အထိမြင့်တက်လာခဲ့ပါတယ်။ဒီလိုနာမည်ကြီးပြီးနောက်ပိုင်းမှာ သူမဟာ သူမရဲ့ဓာတ်ပုံအများအပြားကို တင်လာခဲ့ပါတယ်။

ပို့စ်တစ်ခုမှာဆိုရင် “ကျွန်မ လုပ်ခဲ့တာအတွက် ကျွန်မကို ရှင်တို့အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်။ ကြွက်တွေ(သူခိုးတွေ)က နေရာအနှံ့မှာလေ ကျွန်မတို့ တစ်ခုခုလုပ်မှဖြစ်မှာပေါ့။ ရဲတွေက ထိုင်ကြည့်နေတာလေ”လို့ရေးသားခဲ့ပါတယ်။သူမက သူ့ကိုသူ မင်းသမီး၊မော်ဒယ်လို့ ခေါ်နေလို့ အချို့သူတွေကတော့ ဒီဗီဒီယိုဟာ သာမန်ဗီဒီယိုတစ်ခုထက်ဘာမှမပို ဘူးလို့ ပြောနေကြပါတယ်။

ဗီဒီယိုထဲမှာ သူခိုးရဲ့ ဆံပင်ကိုဆွဲပြီး သူမရဲ့ပစ္စည်းတွေကို ပြန်တောင်းခဲ့ပါတယ်။ ထို့နောက်မှာ တော့ သူခိုးကို အဝတ်အစားတွေချွတ်ခိုင်းပြိး ရိုက်နှက်ခဲ့ပါတယ်။ သူမရဲ့သူငယ်ချင်းတစ်ယောက်က သူခိုးရဲ့အဝတ်အစားတွေကို အဝေးကိုယူသွားခဲ့လို့ သူခိုးဟာ အဝတ်ဗလာနဲ့လမ်းလည်ခေါင်မှာ ကျန်ရစ်ခဲ့ပါတယ်။ ဒီဗီဒီယိုဟာLiveLeakပေါ်မှာ နာမည်ကျော်ခဲ့ပြီး ကြည့်ရှုသူ ၂၇၀၀၀ ကျော်ရှိခဲ့ပါတယ်။



Follow us on