1. Home
  2. Myanmar News

ဗိုလ်အောင်ကျော်လမ်း ယာဉ်ထိန်းရဲကင်းတွင်း အမျိုးသားအလောင်းတွေ့ရှိ

Myanmar News มิ.ย. 03, 2559 view 1,723

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းအတွင်း၌ သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းကို ယနေ့(ဇွန် ၃ရက်)နံနက်ပိုင်း တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ "ယာဉ်ထိန်းရဲကင်းထဲမှာ သေနေတာလို့ သိရပါတယ်။ ဒဏ်ရာတွေလည်း မရှိဘူးလို့ သိရပါတယ်။ဆေးရုံပို့ပြီး စစ်ဆေးနေပါတယ်"ဟု ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Credit : https://www.facebook.com/7daynews/



Follow us on