1. Home
  2. Movie Stars - Celebrity

Gigi Hadid နဲ့ Zayn Malikတို့လဲလမ်းခွဲကြပီ

Movie Stars - Celebrity มิ.ย. 04, 2559 view 1,555

ဒီရက်ပိုင်းကတော့ နာမည်ကျော်တွေ အကွဲအပြဲများနေပါတယ်။ Johnny Depp နဲ့ Amber Heard, Calvin Harris နဲ့ Taylor Swift အခုတော့ Zayn Malikနဲ့ Gigi Hadidတို့အတွဲ လမ်းခွဲခဲ့ကြပြန်ပါပြီ။

လွန်ခဲ့တဲ့နှစ်က Gigi Hadid တစ်ယောက်Joe Jonasနဲ့ ပြတ်ပြီးမကြာခင်မှာ Zayn Malikနဲ့စတွဲခဲ့တာဖြစ်ပါတယ်။Gigi Hadid ဟာ Zaynရဲ့ Single သီချင်းဖြစ်တဲ့ Pillowtalkမှာလည်း ဝင်ရောက်သရုပ်ဆောင်ပေးခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ တရားဝင်သမီးရည်းစားအဖြစ်တွဲနေတာလည်း ၇လလောက်ရှိခဲ့ပြီဖြစ်ပါတယ်။

သူတို့၂ယောက်ဟာVogueမဂ္ဂဇင်းအတွက်လည်းဓာတ်ပုံအတူတူရိုက်ခဲ့ကြပါသေးတယ်။အချို့သတင်းတွေအရတော့ သူတို့၂ယောက်ဟာ Gigiရဲ့မွေးနေ့ကတည်းက ရန်ဖြစ်ခဲ့ကြတာဖြစ်ပြီး ကြားထဲမှာ တွဲလိုက် ပြတ်လိုက်ဖြစ်ခဲ့ကြပါသေးတယ်။ နောက်ထပ်အတွင်းလူတစ်ယောက်ကတော့ “Zayn နဲ့Gigiက အခုကွဲပြီးတော်ကြာပြန်တွဲနေတာပါ။

သူတို့ကြားထဲဘာတွေဖြစ်နေမှန်းမသိပါဘူး”လို့ပြောခဲ့ပါတယ်။GiGiက snapchat ပေါ်မှာ “သိသာနေတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် နင့်ကိုငါချစ်တယ်”ဆိုတဲ့ စာတန်းပါတဲ့ အင်္ကျီတစ်ထည်ရဲ့ ဓာတ်ပုံကိုတင်ခဲ့ပါသေးတယ်။နောက်တော့KendallJennerရဲု့ပုခုံးပေါ်မှီနေတဲ့ပုံကိုလည်း တင်ခဲ့ပါသေးတယ်။ Credit:Shwemom



Follow us on