1. Home
  2. Movie Stars - Celebrity

ပရက်စလေရဲ့မြေးချောလေး

Movie Stars - Celebrity มิ.ย. 04, 2559 view 1,801

အနုပညာသမိုင်းမှာ နာမည်တစ်လုံးတွင်ကျန်ရစ်ခဲ့တဲ့ ဂန္တဝင်အဆိုတော် Elvis Presley ရဲ့ မြေးမလေး မော်ဒယ်မင်းသမီးချော riley keough ဟာ ကယ်လီဖိုးနီးယားမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ကာ အသက် ၂၀ အရွယ်မှစတင်ပြီး အနုပညာလောကကို ဝင်ရောက်ခဲ့သူပါ။ရုပ်ရှင်ဇာတ်ကားအချို့နဲ့ ဇာတ်လမ်းတွဲအချို့မှာသာ ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေ သိပ်မသိခဲ့ကြပေမဲ့ သူမဟာ မော်ဒယ်လောကမှာတော့ နာမည်ရနေသူတစ်ဦး ဖြစ်ပါတယ်။

Magic Mike, Mad Max: Fury Road, American Honey ဇာတ်ကားတွေမှာလည်း သူမ ပါဝင်သရုပ်ဆောင်ခဲ့ကာ Mad Max: Fury Road ဇာတ်ကားကြီးမှာတော့ ထွက်ပြေးသူ မိန်းမလှလေးတွေထဲက ဆံပင်နီနီနဲ့ မိန်းမငယ်လေးအဖြစ် သူမကို မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။နာမည်ကြီးအဆိုတော်အချို့ရဲ့ သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်ဖူးတဲ့ သူမဟာ ဆွဲဆောင်မှုပြင်းပြင်းနဲ့ လှပသူတစ်ဦးပါ။ သူမက ဟောလိဝုဒ်တက်သစ်စ မင်းသားချော Alex Pettyfer နဲ့ ချစ်ကြိုးသွယ်ခဲ့ပါသေးတယ်။ညှို့ချက်ပြင်း မော်ဒယ်မင်းမီးချော Riley ကို ၁၉၈၉ ခုနှစ် မေလ ၂၉ ရက်မှာ မွေးဖွားခဲ့ပါတယ်။ Credit:Duwun



Follow us on