1. Home
  2. Movie Stars - Celebrity

ဇွန်(၁၈)ရက်နေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံမယ့် ဟန်သီ

Movie Stars - Celebrity มิ.ย. 06, 2559 view 1,665

ပြည်ပမှာ အနုပညာ ပညာရပ်တွေ သင်ကြားနေတဲ့ ဟန်သီကတော့ မကြာခင် အချိန် မြန်မာနိုင်ငံကို ပြန်လာတော့မှာ ဖြစ်ပါတယ်။ 10 နေ့မှာပြန်ရောာက်မှ ဖြစ်ပြီး ပြန်ရောက်လာရင် သူမရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံမယ့် အစီအစဉ်လေးတစ်ခုလည်း ရှိတယ်လို့ သူမက ဆိုပါတယ်။

"ဇွန်လ ၁၈ ရက်ကိုတော့ ဟန်သီ့ကိုတွေ့ချင်တဲ့ ပရိသတ်တွေနဲ့ ဟန်သီ့အိမ် ၃၂၊ ခွာညိုလမ်း၊ တောင်ဥက္ကလာပမှာ တွေ့ဖို့ စီစဉ်ထားပါတယ်။ ဟန်သီကိုယ်တိုင် ချက်ကျွေးမယ့်အပြင် လက်ဆောင်တွေလည်း ပြင်ဆင်ထားမယ်လို့ စီစဉ်ထားပါတယ်။ အချိန်အတိအကျကိုတော့ နီးရင် ဖေ့စ်ဘွတ်ခ်က Han Thi Official Acc ကနေ ကြေညာပါ့မယ်"လို့ သူမက ပြောပါတယ်။ ပြည်ပကနေ ပြန်လာတဲ့ ဟန်သီကတော့ မြန်မာနိုင်ငံမှာ သူမဝါသနာ ပါတဲ့ အနုပညာအလုပ်တွေကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။Credit:Duwun



Follow us on