1. Home
  2. Myanmar News

တက္ကသိုလ် ကထိက ဆရာမတစ်ဦး ဓားဖြင့် အထိုးခံရ

Myanmar News มิ.ย. 06, 2559 view 1,576

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတောတောင်ရပ်ကွက် ညောင်တုန်းလမ်း တိုက် တစ်တိုက်၌ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် အမျိုးသားလူငယ်တစ်ဦးက အမျိုးသမီး တစ်ဦးကို ဓားဖြင့်ထိုးမှုဖြစ်ခဲ့သည်။ ပခုက္ကူတက္ကသိုလ်မှ ကထိက ဒေါ်-------- (၄၂ နှစ်) ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အမှတ်(၄၁) ရပ်ကွက်နေသူသည် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ပုလဲကွန်ဒို တိုက် B ၁၀ လွှာ အခန်း ------ နေ မင်းခန့်ကျော် (နည်းပညာ တက္ကသိုလ်) နှင့်အတူ ပြန်လာစဉ် ပြဿနာဖြစ်ခဲ့ပြီး ညောင်တုန်းလမ်းအရောက်၌ အမျိုးသမီးက နီးစပ်ရာတိုက်အတွင်း ဝင်ရောက်ထွက်ပြေးရာ အမျိုးသား လူငယ်က ဝမ်းဗိုက်နှင့် ရင်ညွန့်ကို ဓားဖြင့်ထိုး၍ ထွက်ပြေး သွားကြောင်း သိရသည်။ အခင်းဖြစ်ပွားသည့် ညောင်တုန်းလမ်း တိုက်အမှတ် ၄၅ ပထမထပ်နေ ရာအိမ်မှူး ဦးမောင်ရွှေက “ကျွန်တော် အပြင်သွားတုန်း ဖြစ်တာပါ။

ဘယ်က သူတွေလဲတော့ မသိဘူး” ဟု ဆိုခဲ့သည်။ မြို့နယ် မြို့မရဲစခန်းမှ နယ်ထိန်းတပ်ကြပ်ကြီး ဟန်ဝင်းနိုင်ကလည်း အခင်းဖြစ်စဉ်ကို မြင်တွေ့သူအား မေးမြန်းရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ ဓားထိုးခံရသူ တက္ကသိုလ်မှ ဆရာမအား ကျွန်းတောတောင်ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်နှင့် အဖွဲ့က ရန်ကုန်အနောက် ပိုင်း ပြည်သူ့ဆေးရုံကြီးသို့ လိုက်ပို့ခဲ့ရာ စိုးရိမ်ရမှု အခြေအနေမရှိကြောင်း သိရသည်။ အုပ်ချုပ်ရေးမှူးအား တက္ကသိုလ်ဆရာမ၏ ပြောပြချက်အရ သိရသည် မှာ ကျောင်းဖွင့်၍ ပခုက္ကူတက္ကသိုလ်သို့ အပြန်ခရီး တွင် ပြစ်မှုကျူးလွန်သူက လိုက်ပါလိုသည်ဟု ဆိုသည်ကို ငြင်းဆန်ရာမှ ယခုကဲ့သို့ ဖြစ်ရကြောင်း သိရသည်။

Credit : http://www.thithtoolwin.com/



Follow us on