1. Home
  2. Myanmar News

ပန်းသည်မလေးယဉ်ယဉ်ချော

Myanmar News มิ.ย. 06, 2559 view 1,795

ကုသိုလ်တော်ဘုရားမှာ ပန်းသည်မလေးယဉ်ယဉ်ချောဆိုရင် ရောက်ဖူးသူတိုင်း သိကြတာများပါတယ်။ ငယ်စဉ်ကတည်းက မိသားစုပြိုကွဲခဲ့ရပြီး အဖွားဖြစ်သူနဲ့နေထိုင်ကာ ၀မ်းရေးအတွက် ပန်းရောင်းပြီး ကျောင်းတက်လာသည်မှာ တတိယတန်းသို့ ရောက် ရှိနေပြီဖြစ်ပါတယ်။ ဘ၀အတွက်ရုန်းကန်ရင်းနေတဲ့ သူမဘ၀မှာ ရည်မှန်းချက်ကြီးတစ်ခုရှိနေပါတယ်။ အဲဒါကတာ့ ပီတိကိုစား အားရှိရတဲ့ ကျောင်းဆရာမတစ်ဦး ဖြစ်ချင်တာပါ။

ဒါပေမယ့် သူ့မရဲ့ရည်မှန်းချက်တွေက အမှန်တကယ်ဖြစ်နိုင်ဖို့တော့ မလွယ်ကူနိုင်တော့ဘူးလို့ သူမရဲ့ အဖွားဖြစ်သူက ပြောပါတယ်။ မြင့်မားလာတဲ့ ကုန်ဈေးနှုန်းနဲ့ အထွေထွေကုန်ကျစရိတ်တွေကြောင့် စတုတ္ထတန်းအောင်ရင်ဖြင့် ကျောင်းမှအနားယူခိုင်ပြီး ဘ၀အတွက် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုကိုသာ သင်ခိုင်းတော့မယ်လို့ သူမရဲ့အဖွားဖြစ်သူ ကပြောပါတယ်။

Crdeit  :   Central News Myanmar

ဓာတ်ပုံတွေကို မှတ်တမ်းတင်ခဲ့သူကတော့ တောင်ငူမြို့မှ ကိုသန့်လွမ်းဝေချစ် ဖြစ်ပါတယ်။



Follow us on