1. Home
  2. Special or Others

ယုံကြည်မှုလွန်ကဲခြင်း ( Over Confident )

Special or Others มิ.ย. 06, 2559 view 1,797

ချာလီချက်ပလင်ရဲ့ ဘ၀မှာ အမှတ်ရစရာ အဖြစ်အပျက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့နှစ် ၅၀ ပြည့်မွေးနေ့မှာပါ။ သူ့ပရိသတ်တွေနှင့်မိတ်ဆွေရောင်းရင်းတွေက သူ့မွေးနေ့ကို ထူးထူးခြားခြားနဲ့ ကျင်းပပေးချင်ကြတယ်။ သူတို့တစ်တွေ အကြံကောင်းရသွားကြတယ်။ အင်္ဂလန်ပြည်တစ်ပြည်လုံး နေရာတိုင်းမှာ ချာလီချက်ပလင်ရဲ့ နေရာမှာ သရုပ်ဆောင်ဖို့ လူတွေကိုဖိတ်ခေါ်ပြီး ပြိုင်ပွဲကျင်းပဖို့ပါ။ ပြီးတော့ အဲ့ဒီပြိုင်ပွဲတိုင်းမှာ အနိုင်ရသူကိုရွေးပြီး အနိုင်ရသူအချင်းချင်း မြို့နယ်အလိုက်ထပ်ပြီး ၀င်ပြိုင်ကြဖို့ပါ။ နောက်ဆုံးဗိုလ်လုပွဲကိုတော့ မြို့တော်လန်ဒန်မှာ ကျင်းပပြီး ပထမဆုရသူကို ရွေးချယ်ချိးမြှင့်ကြမှာပါ။

သူငယ်ချင်းတွေ အံ့ဩသွားအောင်ဆိုပြီး ချာလီချက်ပလင်ကလည်း သူကိုယ်တိုင် ပြိုင်ပွဲကို အနီးအနားက မြို့နယ်ကနေ ၀င်ပြိုင်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲထိ သူရောက်သွားတယ်။ ဒါပေမယ့် သူ့ သူငယ်ချင်းတွေ အံ့ဩသွားမယ့်အစား သူကိုယ်တိုင်က အံ့ဩနေခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဒုတိယဆုသာရခဲ့လို့ပါ။ တစ်ယောက်သောသူက သူ့ထက်တောင် ပိုပြီး ကောင်းကောင်း သရုပ်ဆောင်ပြနိုင်ခဲ့တယ်။ သူက သူသာ ပထမဆုရမယ်လို့ ကျိန်းသေတွက်ချက်ထားခဲ့တယ်။လူတွေက သူဒုတိယဆုရတဲ့အကြောင်း သိလာကြတော့ သူ့ကိုယ်သူ အရှက်ကြီး ရှက်သွားပါတော့တယ်။ " အစကတည်းက ပြိုင်ပွဲဝင်မိတာကိုက ကျွန်တော့်အမှားပါ ။

ပြိုင်ပွဲဝင်ရတဲ့ အကြောင်းကလည်း ပြောစရာမလိုအောင် ငါပဲပထမရမယ်လို့ မှန်းထားခဲ့လို့ပါ " လို့ ချာလီချက်ပလင်ကိုယ်တိုင် ပြောသွားရှာပါတယ်။ " ဒါကြောင့် မည်သို့သော အတတ်ပညာကိုမဆို မိမိသာအတော်ဆုံး မိမိသာလျှင်အတတ်ဆုံးဟု ပညာမာနကို မိမိ၏ ဦးထိပ်မှာ တင်ထားမယ်ဆိုရင်တော့ အန္တရာယ်ကျရောက်နိုင်ပါတယ်.....မိမိကိုယ်ကိုလည်း ယုံကြည်မှုတွေ မလွန်ကဲဖို့ အရေးကြီပါတယ်....."

Credit : mayoneyinponepyinmat/



Follow us on