1. Home
  2. Movie Stars - Celebrity

တင်ဇာမော်ရဲ့ တောင်ကြီးရှိုးပွဲအတွက် လက်မှတ်များ စတင်ရောင်းချ

Movie Stars - Celebrity มิ.ย. 06, 2559 view 1,710

ဇွန်လ (၁၈) ရက်နေ့တွင် တောင်ကြီးမြို့မှာ ကျင်းပမယ့် တင်ဇာမော်ရဲ့ တစ်ကိုယ်တော်ရှိုး လက်မှတ်များကို သုံးသောင်းကျပ်၊ နှစ်သောင်းကျပ်နဲ့ တစ်သောင်းကျပ်ဆိုပြီးတော့ သတ်မှတ်ထားပါတယ်လို့ မနေ့က စင်ထရယ် ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

လက်မှတ်များကိုလည်း တောင်ကြီးမြို့၊ အောင်ပန်းမြို့၊ ကလောမြို့၊ ရန်ကုန်မြို့ရှိ မန်းသီရိတေးသံသွင်းနဲ့ မန္တလေးမြို့ မန်းသီရိတေးသံသွင်းတို့တွင် ဝယ်ယူရရှိနိုင်ပါတယ်။ အဲ့ဒီရှိုးမှာ တင်ဇာမော်က သီချင်း အပုဒ် (၃၀) ကျော်သီဆိုသွားမည် ဖြစ်ပြီး စုံတွဲသီချင်းများကိုလည်း ချောစုခင်၊ စည်သူလွင်၊ ဟန်ထွန်း စတဲ့ အဆိုတော်များနဲ့ တွဲဖက်သီဆို သွားမှာ ဖြစ်ပါတယ်လို့ သိရပါတယ် ။ တောင်ကြီးမြို့ရှိ အဝေရာကွင်းမှာ ကျင်းပပြုလုပ်မည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲပြီးသွားရင်လည်း မိသားစုရှိရာ အင်္ဂလန်သို့ ခေတ္တအလည်ပြန်မှာဖြစ်ပြီး သြဂုတ်လထဲတွင် မြန်မာနိုင်ငံသို့ ထပ်မံပြန်လာရန် စီစဉ်ထားတယ်လို့ သိရပါတယ်။ Credit: Duwun



Follow us on